#WorldHealth
Published 26 June 2022

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပွားရခြင်းဟာ ခန္ဓာကိုယ်တစ်နေရာရာမှာကျန်နေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုကို ကိုယ်ခံအားစနစ်က တုန့်ပြန်နေတာကြောင့် ဖြစ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲ လက္ခဏာပေါ်ပေါက်သူ ၃၇ ဦး အပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားသူ ၆၃ ဦးထံမှ သွေးရည်ကြည်နမူနာများကို သုတေသီများက အချိန်ကာလအလိုက်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

 

နောက်ဆက်တွဲ လက္ခဏာဖြစ်ပေါ်သူအများစုမှာ ဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က စပိုက်ခ်ပရိုတိန်းကို ၁၂ လကြာတဲ့အထိတိုင်အောင် စစ်ဆေးတွေ့ရှိရပြီး နောက်ဆက်တွဲ လက္ခဏာမပေါ်ဘဲ ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ထဲမှာတော့ စပိုက်ခ်ပရိုတိန်းမတွေ့ရပါဘူး။

 

သွေးထဲမှာ စပိုက်ခ်ပရိုတိန်းရှိနေခြင်းဟာ သက်ရှိဗိုင်းရပ်စ်အကြွင်းအကျန်က ခန္ဓာကိုယ်ထဲမှာကျန်နေသေးတာဖြစ်တယ်လို့ သုတေသီများက medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ကြပါတယ်။

 

ဗိုင်းရပ်စ်အကြွင်းအကျန်ရှိနေတဲ့နေရာကိုတော့ သေချာမသိရသေးပါဘူး။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကလေးတွေရဲ့အစာအိမ်အူလမ်းကြောင်းထဲမှာ ရှင်သန်ခဲ့တဲ့ဗိုင်းရပ်စ်တွေတွေ့ရတယ်လို့ သုတေသီများက ဆိုခဲ့ကြပါတယ်။

 

ရောဂါလက္ခဏာပေါ်ပြီး ၇ လလောက်ကြာတဲ့အထိ ခန္ဓာကိုယ်နေရာအနှံမှာ ဗိုင်းရပ်စ်ကျန်ရှိကြောင်း အထောက်အထားတွေတွေ့ခဲ့ရတယ်လို့ အချို့သုတေသီများကလည်း ဖော်ပြခဲ့ကြပါတယ်။

 

စမ်းသပ်မှုကြီးများပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့ရင်တော့ ရောဂါစတင်ကူးစက်ပြီးနောက် သွေးထဲမှာစပိုက်ခ်ပရိုတိန်းရှိနေခြင်းကို ကိုဗစ်နောက်ဆက်တွဲ ဝေဒနာရှာဖွေတဲ့နေရာမှာ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

 

Source Reuters
#Yangon_Media_Group