#Health_Tips
Published 25 June 2022

 

တစ်နေ့ကို ဉာဏ်စမ်းပဟေဠိကစားနည်းများ ၁၅ မိနစ်လောက်ကစားပေးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တက်ပေးနိုင်ပါတယ်။

 

ဒီလိုဉာဏ်စမ်းပဟေဠိများ ကစားခြင်းဖြင့် အာရုံစူးစိုက်ခြင်း၊ အလုပ်အကိုင်၊ စာသင်ကျောင်းစတဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ တိုးတက်စေနိုင်ပါတယ်။

 

Lumosity လိုမျိုး ဂိမ်းကစားနည်းတွေက လူတစ်ယောက်ရဲ့မှတ်ဉာဏ်၊ အယူအဆအကြံအစည်နဲ့ အာရုံစူးစိုက်မှုတို့ကို သေချာပေါက် တိုးတက်စေနိုင်ပါတယ်။

 

အတတ်ပညာတစ်ခုကနေ နောက်ထပ်ပညာတစ်ခုထံ ကူးပြောင်းရာမှာလည်း အထောက်အကူဖြစ်ကြောင်း UC Riverside နဲ့ UC Irvine မှ စိတ်ကျန်းမာရေးပညာရှင်အဖွဲ့က စမ်းသပ်လေ့လာခဲ့ကြပါတယ်။

 

စိတ်ကျန်းမာရေးအခေါ်အဝေါ်အရ ဦးနှောက်ကျွမ်းကျင်မှုတစ်ခုခုကိုလေ့ကျင့်ခြင်းဖြင့် လူတစ်ဦးရဲ့မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

 

ထိုဦးနှောက်စွမ်းရည်တွေကို လေ့ကျင့်ပေးပါက အတတ်ပညာကျွမ်းကျင်မှု လွှဲပြောင်းမှုတွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

ဥပမာအားဖြင့် ဂိမ်းကစားနည်းတစ်ခုမှစွမ်းရည်များကို နောက်ထပ်ဂိမ်းတစ်ခုထံ အလွယ်တကူလွှဲပြောင်းအသုံးချနိုင်မှာ ဖြစ်ပါတယ်။

 

အလုပ်လုပ်နေတဲ့ မှတ်ဉာဏ်တွေက မလုပ်ဖူးတဲ့အလုပ်တွေကို လုပ်ကိုင်ရာမှာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေပါတယ်။

 

ဒါတွေအားလုံးက လေ့ကျင့်မှုအပေါ်ဘယ်လောက်အထိ စိတ်ပါဝင်စားလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ လေ့ကျင့်မှုတစ်ခုတည်းကို စမ်းသပ်သူနှစ်ဦးပါဝင် စမ်းသပ်ရာမှာ ရလာဒ်မတူတာကို တွေ့ရပါတယ်။

 

စမ်းသပ်ခံသူတစ်ဦးက ကျွမ်းကျင်မှုပြောင်းလဲတတ်မြောက်နိုင်ခဲ့ပြီး နောက်တစ်ဦးကတော့ မတတ်မြောက်ခဲ့ပါဘူး။

 

ရင်ဆိုင်ဖြေရှင်းမှုနဲ့ လုံလောက်တဲ့နည်းဗျူဟာ မရှိခြင်းတို့က ဒီရလာဒ်တွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ စိတ်ပညာရှင်များက ကောက်ချက်ချခဲ့ပါတယ်။

 

ကောလိပ်လူငယ်ကျောင်းသားများနဲ့ လေ့လာကြည့်ရှုမှုများအပေါ် အခြေခံပြီး လေ့လာရာမှာ ကျွမ်းကျင်မှု အသစ်တစ်မျိုးလေ့လာပြီးတဲ့အခါမှာ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ ခွဲထွက်ရေးသဘောများကို သတိပြုမိခဲ့ကြကြောင်း တင်ပြထားပါတယ်။

 

ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အဆိုပါကျွမ်းကျင်မှုနဲ့ ဆင်တူတဲ့ဦးနှောက်လုပ်ဆောင်ချက်ကိုသာတိုးတက်စေပြီး ဖုန်းထဲကဂိမ်းတွေကလည်း သင့်တင့်တဲ့အလျောက်တိုးတက်စေပါတယ်။

 

ဒါပေမဲ့လဲ အကုန်လုံးကတော့ မှတ်ဉာဏ်လေ့ကျင့်မှု မဖြစ်စေဘဲ ဂိမ်းထဲမှာ အပြည့်အဝအာရုံမစိုက်ဘူးဆိုရင်တော့ အပျော်ဂိမ်းသက်သက်သာ ဖြစ်နေပါလိမ့်မယ်။

 

Source: The Jerusalem Post
#Yangon_Media_Group