#WorldPolitics
Published 24 June 2022

 

ယူကရိန်းနိုင်ငံဟာ ကြာသပတေးနေ့က ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာခဲ့ပြီး ဒါဟာ ရုရှားတို့ကျူးကျော်ခြင်းကို ခံနေရတာကြောင့် ပထဝီဝင်နိုင်ငံရေးမှာ ရဲရဲရင့်ရင့်ခြေလှမ်းလှမ်းလိုက်နိုင်တာဖြစ်ကြောင်း ယူကရိန်းနဲ့ဘယ်လ်ဂျီယံတို့က သမိုင်းဝင်အခိုက်အတန့်အတွက် ချီးကျူးဂုဏ်ပြု လိုက်ကြပါတယ်။

 

ရုရှားတပ်တွေက ဒွန်ဘတ်စ်ဒေသအရှေ့ဘက်ရှိမြို့နှစ်မြို့ကို တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး စစ်ပွဲအရှိန်အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတဲ့အချိန်မှာ အီးယူအဖွဲ့ဝင်ဖြစ်မြောက်ရေးခရီးရှည်ကြီးကို စတင်အကောင်အထည်ဖော်နိုင်ခဲ့တာဟာ စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းအတွက် စိတ်ဓာတ်ရေးရာများစွာ မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း ယူကရိန်းအစိုးရအကြံပေးတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

တရားဝင်ကြေညာချက်အပြီးမှာတော့ "ယူကရိန်းရဲ့အနာဂတ်က အီးယူနဲ့အတူရပ်တည်နေပြီ" လို သမ္မတ'ဇယ်လန်စကီ'က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 

ရုရှားက ယူကရိန်းကို သူတို့သဘောအတိုင်းထိန်းချုပ်ဖို့ ရုန်းကန်နေရချိန်မှာ ဘရူဆယ်လ်မှာပြုလုပ်တဲ့အစည်းအဝေးပွဲအတွင်း ယူကရိန်းအစိုးရရဲ့အဖွဲ့ဝင်လျှောက်ထားချက်ကို အီးယူခေါင်းဆောင်များက အသိအမှတ်ပြုလက်ခံလိုက်တာကြောင့် ရုရှားတို့အမျက်ထွက်စရာ ဖြစ်နိုင်ပါတယ်။

 

နောက်ထပ်ဆို ဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံကလည်း ကြာသပတေးနေ့က တရားဝင်အီးယူအဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာခဲ့ကာ အီးယူရဲ့အလေးထားမှုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

 

ရုရှားသမ္မတ'ဗလာဒီမီယာပူတင်' ယူကရိန်းကိုစတင်ကျူးကျော်တာ ၄ လပြည့်ခဲ့ပါပြီ။

 

ရုရှားတို့က သူတို့လွှမ်းမိုးလိုရာဒေသသို့ အနောက်နိုင်ငံများချဉ်းကပ်လာတာကို အကြောင်းပြုပြီး အထူးစစ်ဆင်ရေးခေါင်းစဉ်ဖြင့် ကျူးကျော်ခဲ့တာဖြစ်ပါတယ်။

 

ရုရှားတို့ကျူးကျော်မှုကို အတရားမျှတခြင်းမရှိတဲ့ စစ်ပွဲအဖြစ် နောက်နိုင်ငံများက သတ်မှတ်နေကြကာ စစ်ပွဲအကျိုးဆက်ကြောင့် သေဆုံးသူထောင်ပေါင်းချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူသန်းနဲ့ချီရှိနေကာ မြို့အများအပြား ပျက်စီးခဲ့တဲ့အပြင် စားနပ်ရိက္ခာနဲ့စွမ်းအင် တင်ပို့မှုနည်းပါးလာခြင်းက ကမ္ဘာအနှံအပြားကို ထိခိုက်စေပါတယ်။

 

ရုရှားတပ်များက စစ်ပွဲအစောပိုင်းမှာ ယူကရိန်းမြို့တော်ကို ဦးတည်ချီတက်ခဲ့ပေမယ့် ယူကရိန်းဘက်က ပြန်လည်ခုခံနိုင်ခဲ့တာကြောင့် ရုရှားတပ်များဆုတ်ခွာကာ ယူကရိန်းတောင်ဘက်နဲ့အရှေ့ဘက်ခြမ်းတို့ကို ပြောင်းလဲတိုက်ခိုက် လာတာဖြစ်ပါတယ်။

 

ယူကရိန်းအဓိက စက်မှုဇုန်တည်ရှိရာ ဒွန်ဘတ်စ်ဒေသမှာ စစ်ပွဲပြင်းထန်နေပြီး လူဟန့်စ်ပြည်နယ် ဆီဗာစကီမြစ်ရဲ့ မြစ်ကမ်းတဖက်တချက်မှာရှိတဲ့ ဆီဗီရိုဒိုနက်စ်မြို့နဲ့ လီဆီချန့်စ်မြို့တို့ဟာ စစ်ပွဲအတွက် အရေးအကြီးဆုံးနေရာများ ဖြစ်နေပါတယ်။

 

ထိုဒေသတွေမှာ စစ်ပွဲအခြေအနေအမြင့်ဆုံးရောက်ရှိနေတယ်လို့ ယူကရိန်းသမ္မတအကြံပေးပုဂ္ဂိုလ်'အိုလက်ဆီအာရက်စ်တိုဗစ်ချ်'က ပြောပြခဲ့ပါတယ်။

 

ဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းနဲ့ အီးယူ၊ နေတိုးမဟာမိတ်အဖွဲ့တို့လို အနောက်နိုင်ငံအုပ်စုတွေကြားက နီးစပ်တဲ့ဆက်ဆံရေးကို ရုရှားတို့က ဆန့်ကျင်လာတာ ကာလရှည်ကြာခဲ့ပါပြီ။

 

သံတမန်ရေးရာပုဂ္ဂိုလ်တွေက ယူကရိန်းအနေနဲ့ အီးယူအဖွဲ့ထဲဝင်ဖို့ လိုအပ်ချက်တွေ ပြည့်မီဖို့က ဆယ်စုနှစ်တွေ ကြာနိုင်တယ်လို့ ဆိုခဲ့ပေမယ့် ဥရောပကော်မရှင်သမ္မတ'အာဆူလာဗွန်ဒါလီယန်'က ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ လိုအပ်ချက်ပြည့်မီအောင် တတ်နိုင်သလောက်အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ရုရှားတို့ကျူးကျော်ခြင်းကြောင့် ယူကရိန်းအပြင် ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ကပါ အီးယူအဖွဲ့ဝင်ဖြစ်မြောက်ဖို့ ပြင်ဆင်လာကြပြီး ပထဝီဝင်နိုင်ငံရေးအရ ခြယ်လှယ်ဖိုကြိုးစားနေတဲ့ ရုရှားအတွက်တော့ စစ်ပွဲဆင်နွှဲခြင်းကပဲ သူတို့ရဲ့ရည်ရွယ်ချက်တွေ ပျက်သုဉ်းအောင် ပြုလုပ်နေသလိုဖြစ်နေပါတယ်။

 

Source: Reuters
#Yangon_Media_Group