Published 23 June 2022

တရုတ်မီဒီယာအုပ်စု(CMG)က ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ မှတ်တမ်းရုပ်ရှင်ကို ဇွန် ၂၀ရက်မှ ၃၀ရက်အထိ အခန်းဆက်အဖြစ် နေ့စဉ်ထုတ်လွှင့်တော့မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တစ်ရက်မှာ ဒေသရဲ့ မြို့တစ်မြို့အကြောင်းတင်ဆက်ပြသမှာဖြစ်ပြီး အစအဆုံး၁၂နာရီကြာ မှတ်တမ်းရုပ်သံစီးရီးကို တစ်နေ့ တစ်နာရီကြာ အွန်လိုင်းကနေ livestreaming ပြသပေးမယ်လို့သိရပါတယ်။

မဟာ ပင်လယ်အော်ဒေသမှာ အထူးအုပ်ချုပ်ခွင့်ရတဲ့ ဟောင်ကောင်နှင့် မကာအို ဒေသနှစ်ခုပါဝင်ပါတယ်။ အဲဒီအပြင် တရုတ်ပြည်မကြီးက မြို့(၉)မြို့ဖြစ်တဲ့ ကွမ်ကျူး၊ဆိန်းကျိုင်း၊ကျူးဟိုင်း၊ဖော်ဆန်း၊ဝှေးကျိုး၊တုန်းကွမ်း၊ကျုံးဆန်း၊ကျန်းမဲင်းနှင့် ကျောင်းချင်းမြို့တို့လည်းပါဝင်ပါတယ်။

တရုတ်မီဒီယာအုပ်စုဥက္ကဋ္ဌ ဆိန်းဟိုင်းရှုံးက ရုပ်သံမှတ်တမ်းစီရီး စတင်ထုတ်လွှင့်ခြင်းအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး  စီအမ်ဂျီရဲ့ မီဒီယာပုံစံစံကတစ်ဆင့် မဟာပင်လယ်အော်ဒေသရဲ့ အထွေထွေမြင်ကွင်းတွေကို တစ်ကမ္ဘာလုံးက ပရိဿတ်တွေ ခံစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

ဟောင်ကောင်အထူးဒေသ အုပ်ချုပ်ရေးမှူး ဂျွန်လီနှင့် မကာအိုအထူးဒေသအုပ်ချုပ်ရေးမှူး ဟိုလက်စိန်းတို့ကလည်း ဂုဏ်ပြုဗွီဒီယိုတွေပေးပို့ခဲ့ြပါတယ်။ ၁၁ရက်ကြာထုတ်လွှင့်ပြသမယ့် ဒီစီးရီးဟာ ဟောင်ကောင်နှင့်မကာအိုမြိုနှစ်မြို့နှင့် ပြည်မကြီးအကြား ဆက်ဆံရေးတိုးမြှင့်နိုင်စေပြီး ဟောင်ကောင်နှင့်မကာအိုတို့ရေရှည်တည်ငြိမ်ကြွယ်ဝရေးရရှိစေလိမ့်မယ်လို့ သူတို့ကပြောကြပါတယ်။

 Source CGTN