Published 18 June 2022

ဆော်ဒီအာရေဗျရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ဒီရီယာဒ်ဒိစတြိတ်နှင့် ယင်းရဲ့ ၁၈ရာစု ဆာလ်ဝါနန်းတော်ကြီးကို ပြန်လည်ပြုပြင်ပြီး ယခုနှစ် နှောင်းပိုင်းမှာ အများပြည်သူကို ဖွင့်လှစ်ပြသတော့မှာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ဆော်ဒီအာရေဗျရဲ့ အယ်လ်ဆော့ဒ် တော်ဝင်မိသားစုဟာ အာရေဗျကျွန်းဆွယ်ကို သိမ်းပိုက်ဖို့  အစီအစဉ်စတင် ရေးဆွဲခဲ့တဲ့ နေရာလို့ သိကြပါတယ်။

ဒီရီယာဒ်ဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ ဇာတိဖြစ်ပြီး ၁၇၄၄ ခုနှစ်ကနေ ၁၈၁၈ ခုနှစ်အထိ ပထမဆော်ဒီမင်းဆက်တွေ လက်အောက်က ဒီရီယာဒ်စော်ဘွားနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့တော်ရီယာဒ်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ အဲဒီသမိုင်းဝင်နေရာကို ပြန်လည်မွမ်းမံပြီး အများပြည်သူပြသဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Source: AFP