#WorldHealth
Published 12 June 2022

 

တရုတ်နိုင်ငံရဲ့ကိုဗစ်ရောဂါအချက်အလက်များ ပျောက်ဆုံးနေတာကြောင့် ကိုဗစ်ကပ်ရောဂါမူလဇာစ်မြစ်အကြောင်း WHO က စုံစမ်းစစ်ဆေးရာမှာ ခိုင်လုံမှုမရှိတော့ဘဲ အချိန်ကြာမြင့်စွာကြိုးပမ်းအားထုတ်နေမှုအပေါ် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာကြောင်း WHO က ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့လိုတိရိစ္ဆာန်တွေကနေ ကူးစက်တာမျိုးဖြစ်နိုင်ချေရှိတယ်လို့ အချက်အလက်များအရ သိရှိရပြီး ၂၀၂၁ ခုနှစ်က ကုလသမဂ္ဂအေဂျင်စီကောက်နုတ်ထားတဲ့အတိုင်း သဘောထားတူညီနေကြောင်း WHO ပညာရှင်များအဖွဲ့က သတင်းတင်ပြ ထားပါတယ်။

 

၂၀၁၉ ဒီဇင်ဘာလက ရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှ အချက်အလက်တွေပျောက်ဆုံးနေပြီး ဗိုင်းရပ်စ်က လူသားတွေထံ ပထမဆုံးဘယ်လိုကူးစက်ခဲ့ပုံကို တိတိကျကျမဖော်ထုတ်နိုင်ဘဲ ဖြစ်နေပါတယ်။

 

ဒီတွေ့ရှိချက်တွေကြောင့် ဗိုင်းရပ်စ်က ဘယ်နေရာကနေ ဘယ်လိုထွက်ပေါ်လာလဲဆိုတာကိုသိရှိဖို့ ခက်ခဲလာခဲ့ပါတယ်။

 

ကပ်ရောဂါကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ WHO က သူတို့ရဲ့အရေးပေါ်ကျန်းမာရေးလုပ်ငန်းစဉ်များအား ပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းနေကြပါတယ်။

 

ပညာရှင်များအဖွဲ့က စီစဉ်ထားတဲ့နည်းလမ်းများစွာထဲက ပထမဆုံးတစ်ခုကတော့ နောက်ထပ်ရောဂါပျံ့ပွားမှုတွေရဲ့ မူလဇာစ်မြစ်တွေကို စုံစမ်းစစ်ဆေးဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို စီစဉ်နေကြပါတယ်။

 

WHO ညွှန်ကြားရေးမှူးချုပ်'တက်ဒရိုစ်အက်ဒါနွန်ဂက်ဘရီယေဆပ်စ်'က အချက်အလက်များပိုမိုရရှိဖိုအတွက် ဖေဖော်ဝါရီလက တရုတ်အစိုးရထံ ၂ ကြိမ်တိုင် စာရေးသားပေးပို့ခဲ့ရာ တရုတ်တို့က အချက်အလက်အချို့ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

 

ကိုဗစ်ကပ်ရောဂါကြောင့် အနည်းဆုံးလူ ၁၅ သန်းသေဆုံးထားပြီး နောက်ထပ်ဒီလိုကူးစက်ပျံ့ပွားမှုမျိုးကိုတားဆီးဖို့ အရေးကြီးကြောင်းကို သိပ္ပံပညာရှင်များက ဖော်ပြခဲ့ပါတယ်။

 

အချိန်ကြာလေ စုံစမ်းစစ်ဆေးရတာ ပိုခက်ခဲလာနိုင်ပြီး WHO က ကပ်ရောဂါစတင်ပုံကို ပိုမိုသိရှိနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း WHO အရာရှိ'မာရီယာဗန်ခါခေါ့ဗ်'က ဆိုပါတယ်။

 

သန်းနဲ့ချီပြီး သေဆုံးခဲ့သူတွေရော ဘီလီယံနဲ့ချီပြီး ရောဂါကူးစက်ခဲ့သူတွေရော ရောဂါအကြွေးတင်နေပြီလို့ ဆိုခဲ့ပါတယ်။

 

ဓာတ်ခွဲခန်းဖြစ်ရပ်ကနေ ဗိုင်းရပ်စ်ကလူသားဆီကူးစက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်အသစ်တွေ မရရှိသေးပါဘူး။

 

ကိုဗစ်ရောဂါမူလဇာစ်မြစ်အကြောင်း ပိုမိုသိရှိရဖို့ အကြံပြုချက်များစွာကို WHO က တင်ပြခဲ့ပါတယ်။

 

တရုတ်နိုင်ငံဝူဟန်မြို့က အစောဆုံးပျံ့ပွားမှုတွေနဲ့ ဗိုင်းရပ်စ်စတင်ကူးစက်တယ်လို့သိရှိခဲ့တဲ့ ဝူဟန် သားငါးဈေးအနားတဝိုက် နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။

 

ဓာတ်ခွဲခန်းကပျံ့နှံလာတယ်ဆိုတာက အတော်ကိုမဖြစ်နိုင်ကြောင်းနဲ့ တိရိစ္ဆာန်တွေဆီကနေ ကူးစက်လာတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေကို တင်ပြထားပါတယ်။

 

သတ္တဝါတွေဆီကနေ ကူးစက်တာဖြစ်နိုင်တယ်လို့ အတော်လေးဦးတည်နေပေမယ့် နှစ်မျိုးစလုံးဖြစ်နိုင်သေးကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

Source: Reuters
#Yangon_Media_Group