Published 24 June 2021

ဖိလစ်ပိုင်ရဲ့သမ္မတဟောင်းဘင်နစ်နိုအကွီနိုဟာ ဒီကနေ့ နံနက်က မနီလာမြို့ဆေးရုံတစ်ရုံမှာကွယ်လွန်သွားတဲ့အကြောင်း သိရှိရပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက်၆၁နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ကို နွိုင်နွိုင်းလို့သိကြပါတယ်။ သူ့မိခင်သမ္မတဟောင်းကိုရာဇန်အကွီနိုဟာ ၂၀၀၉ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက် ပြည်သူတွေရဲ့စိတ်ခံစားမှုကိုရယူနိုင်ခဲ့ပြီး သမ္မတအဖြစ်တက်လှမ်းနိုင်ခဲ့သူ ဖြစ်တယ်လို့ ရိုက်တာ ကရေးပါတယ်။ သူ့ရဲ့မိဘနှစ်ပါးစလုံး ဖိလစ်ပိုင်ရဲ့ ဒီမိုကရေစီအိုင်ကွန်တွေဖြစ်ခဲ့ကြပြီး ဖခင်ဖြစ်သူဖိလစ်ပိုင်နိုင်ငံ ရေးသမား ဘင်နစ်နိုအကွီနိုဂျူနီယာဟာ ၁၉၈၃ခုနှစ်မှာ မနီလာလေဆိပ်မှာလုပ်ကြံသတ်ဖြတ်ခံခဲ့ရ သူဖြစ်ပါတယ်။ သူဟာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်သူအဖြစ်သူ့ကိုယ်သူပုံဖော်ခဲ့ပါတယ်။ သူ့သမ္မတသက်တမ်း (၆)နှစ်အတွင်း ဖိလစ်ပိုင်ဟာ ၁၉၇၀ပြည့်လွန်နှစ်များနောက်ပိုင်း စီးပွားအဖွံ့ ဖြိုးဆုံး ဖြစ်ခဲ့ပါတယ်။ သူ့ကို ၁၉၆၀ခုနှစ်ဖေဖော်ဝါရီ၈ရက်မှာ  ချမ်းသာကြွယ်ဝပြီးနိုင်ငံရေးဩဇာရှိတဲ့ မျိုးနွယ်စုကနေ မွေးဖွား လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ သူသမ္မတအဖြစ်ကအနားယူပြီးကတည်းက သူဟာ လူတွေကြားထဲ သိပ်မထွက်တော့ ဘဲ သိုသိုဝှက်ဝှက်သာနေလာခဲ့သူဖြစ်တယ်လို့ဖိလစ်ပိုင်မီဒီယာတွေကရေးသားပါတယ်။