Published 22 August 2021
၂၀၀၃ခုနှစ် ဆားရ် Sars ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာလာပြီး ဖိုက်ဇာကာကွယ်ဆေး ထိုးထားသူတွေဟာ ကိုဗစ်-၁၉ မျိုးကွဲအားလုံးကို ပျက်ပြယ်စေနိုင်တဲ့ ပဋိပစ္စည်းကို ထုတ်လုပ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။
 
ပဋိပစ္စည်းတွေဟာ အခြားသော အလားအလာရှိတဲ့ တိရစ္ဆာန်ကိုရိုနာဗိုင်းရပ်စ်တွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်။
 
ဒီတွေ့ရှိချက်ဟာ၂၀၀၃ခုနှစ် ဆားရ်ကိုဗစ်-၁ ဗိုင်းရပ်စ်ကို ပတ်သက် ပစ်မှတ်ထားနိုင်ဖွယ်ရှိတဲ့ အားမြှင့်ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ လမ်းဖွင့်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
အဲဒီအားမြှင့်ကာကွယ်ဆေးတွေဟာ အနာဂတ်မှာမျိုးဗီဇကွဲတွေနှင့် ကိုရိုနာဗိုင်းရပ်စ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးလာနိုင်ပါတယ်။
 
အခုသုတေသနကို Duke-NUS ဆေးကျောင်းနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားစင်တာနှစ်ခုက ပညာရှင်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဩဂုတ် ၁၉ ရက်က ထုတ်ဝေတဲ့ နယူးအင်္ဂလန်ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြခဲ့တာပါ။
 
ကိုရိုနာဗိုင်းရပစ်မိသားစုထဲမှာ ဗိုင်းရပ်စ်အခွဲတစ်ခုက လူ့ခန္ဓာကိုယ်ထဲဝင်ဖို့ ဆဲလ်အမျိုးအစားတော်တော်များများရဲ့ မျက်နှာပြင်မှာတွေ့ရတဲ့ ACE2 မော်လီကျုးအပေါ် မှီခိုနေရပါတယ်။
 
ရောဂါဖြစ်စေတဲ့ ဆဲလ်တွေကို ခုခံပေးတဲ့ ပဋိပစ္စည်းက ဗိုင်းရပ်စ်ပရိုတိန်းကို လူ့ခန္ဓာကိုယ်ဆဲလ်တွေအတွင်း ACE2 မော်လီကျူးတွေနှင့် သွားမပေါင်းဖို့ တားဆီးပေးပါတယ်။
 
ကိုဗစ်-၁၉ ကိုဖြစ်စေတဲ့ Sars-Cov-1 နှင့် Sars-Cov-2 ဗိုင်းရပ်စ်နှစ်မျိုးလုံးဟာ ဒီအုပ်စုထဲ ပါဝင်နေပါတယ်။ အဲဒီအပြင် လင်းနို့၊ သင်းခွေချပ်နှင့်ကြောင်ကတိုး စသည့် တိရိစ္ဆာန်များအကြား ဖြန့်ဝေနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အစုံ လည်းပါဝင်ပါတယ်လို့ အဲဒီလေ့လာမှုကို တွဲဖက်ပြုစုရေးသားခဲ့တဲ့ ပါမောက္ခ ဝန်လင်ဖား ကပြောပါတယ်။
 
ဆားရ်ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ပြန်လည်ကျန်းမာလာခဲ့သူတွေ ကာကွယ်ဆေးမထိုးရသေးခင် သူတို့ရဲ့ ပဋိပစ္စည်းတွေဟာ Sars-Cov-1 ဗိုင်းရပ်စ်အပေါ် ခုခံနိုင်စွမ်းရှိပေမယ့် Sars-Cov-2 ဗိုင်းရပ်စ်အပေါ်မှာတော့ ပျက်ပြယ်နိုင်စွမ်းနည်းပါးတာ ဒါမှမဟုတ် မရှိတာ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ အဲဒီသုသေသနထဲပါတဲ့ သုတေသနပညာရှင် ဒေါက်တာဝမ်နီချီယားက ပြောပါတယ်။
 
ဒါပေမယ့် သူတို့ကို ဖိုက်ဇာ နှစ်ကြိမ်ထိုးပြီးတဲ့အခါ ဗိုင်းရပ်စ်တွေအားလုံးကို ပျက်ပြယ် နိုင်စွမ်းမြင့်တက်လာတာကိုတွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒါကြောင့် ပိုပြီးကျယ်ပြန့်အောင် ကိုဗစ်-၁၉မျိုးဗီဇကွဲတွေနှင့် ဖြစ်လာနိုင်တဲ့ Sars-CoV-3 ဒါမှမဟုတ် Sars-CoV-4 ရောဂါတွေ အတွက်ပါ ထိရောက်နိုင်တဲ့ အားဖြည့်မြှင့်တင်ကာကွယ်ဆေးမျိုး ထုတ်လုပ်ဖို့ သူတို့အဖွဲ့က လေ့လာနေတယ်လို့လည်း ပါမောက္ခဝမ်က ပြောပါတယ်။
 
ပိုပြီးလေ့လာမှုတွေပြလုပ်နိုင်အောင် သူတို့အနေနဲ့ ရောဂါပျောက်ကင်းသွားတဲ့ ဆားရ်လူနာတွေ အဲဒီအထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေလည်းပါဝင်အောင် စုဆောင်းပြီး ဆေးတစ်ကြိမ်တည်းနှင့် ဘယ်လောက် အတိုင်းအတာ အထိ အကာအကွယ်ရတယ်ဆိုတာကို သူတို့လေ့လာမယ်လို့ပြောပါတယ်။
Source: The Straits Times