Published 6 June 2022

ယူကရိန်းစစ်ပွဲကြောင့် အကျပ်အတည်းတွေ ဖြစ်ပေါ်နေသော်ငြား ကမ္ဘာ့နျူကလီးယားအင်အားကြီးနှစ်နိုင်ငံအနေနှင့် စကာ ဆက်လက်ပြောဆိုရမှာဖြစ်တဲ့အတွက် အမေရိကန်သံရုံးကို ပိတ်ပစ်ဖို့မသင့်ဘူးလို့ မော်စကိုအခြေစိုက် အမေရိကန်သံအမတ်ကြီးက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

အမေရိက်ပြည်ထာင်စုရဲ့ ဗိုလ်ကျစိုးမိုးရေးက ရုရှားကို အရှက်တကွဲဖြစ်အောင်လုပ်နေတယ်လို့ ရုရှားသမ္မတ ဗလက်ဒီမာပူတင်က ပြောကြားထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ခန့်အပ်ခဲ့တဲ့ အမေရိကန်သံအမတ် ဂျွန်ဂျေဆူလီဗန်က “ ဝါရှင်တန်နှင့်မော်စကိုတို့ သံတမန်ဆက်ဆံရေး လွယ်လွယ်လေးမဖြတ်သင့်ဘူး” လို့ ရုရှားနိုင်ငံပိုင်မီဒီယာ တပ်စ်သတင်းအေဂျင်စီက ပြောခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကရင်မလင်ကို သတင်းစကားပါးဖို့ ကြိုးစားတာရှင်းနေပါတယ်။

“ ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး စကားပြောနိုင်ဖို့ ထိန်းသိမ်းထားရမယ်”လို့ ဆူလီဗန်က တပ်စ်သတင်းဌာနနှင့် အင်တာဗျူုးမှာပြောပါတယ်။ အနောက်နိုင်ငံရဲ့ စာအုပ်စင်တွေပေါ်ကနေ လီရိုတော်စတွိုင်းရဲ့စာအုပ်တွေ ဖယ်ပစ်တာတို့ ပျိုးတက် ချိုင်ကော့စကီးရဲ့ တေးတွေတီးမှုတ်ဖို့ငြင်းဆန်တာတို့တွေကို သူကစိတ်ပူပန်နေပါတယ်။

သူ့ရဲ့မှတ်ချက်တွေကို တပ်စ်က သတင်းထုတ်ပြန်ပြီး ရိုက်တာသတင်းဌာနက အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တာဖြစ်ပါတယ်။

၁၉၃၃ခုနှစ် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ သံတမန်ဆက်ဆံရေးထူထောင်ပြီးကတည်းက အကျပ်အတည်း‌တွေ၊ စပိုင်အရှုပ်တော်ပုံတွေနှင့် အန္တရာယ်ပြွမ်းလှတဲ့ စစ်အေးတိုက်ပွဲ မူဝါဒတွေရှိခဲ့ပေမယ့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြတ်တောက်ခြင်းမရှိခဲ့ပါဘူး။

အခုတော့ ရုရှားက ယင်းရဲ့ ဆိုဗီယက်လွန် အနောက်နှင့်အေးစက်စက်ကာလဟာ ပြီးဆုံးသွားပြီး အရှေ့ဖက်ကို သူလှည့်တော့မယ်လို့ ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီဂ အန်တိုနီဘလင်ကန်က ပူတင်နှင့်ဆက်ဆံရေးဟာ တေလာဆွစ်သီချင်းလိုပဲ ကျွန်ုပ်တို့ဟာ ဘယ်တော့မှ ဘယ်သောအခါမှ အတူတကွပြန်ရှိဖို့မမြင်”ဆိုသလိုပဲ လို့ပြောခဲ့ပါတယ်။

အဲဒီမှတ်ချက်နှင့်ပတ်သက်ပြီးမေးတဲ့အခါ ဆူလီဗန်က “ ကျွန်တော်တို့ ဘယ်တော့မှ လုံးဝပြတ်တောက်သွားကြလိမ့်မှာ မဟုတ်ဘူး” လို့ပြောပါတယ်။

ဒီလိုပြောတာဟာ ရုရှားက အမေရိကန်သံရုံးပိတ်နိုင်တဲ့သဘောလားလို့ မေးတဲ့အခါ သူက “ သူတို့လုပ်နိုင်တယ်...ဖြစ်နိုင်ချေရှိတယ်။ဒါပေမယ့် ဒါဆို အမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်” လို့ပြောပါတယ်?

“ ကျွန်တော်နားလည်တာက ရုရှားအစိုးရဟာ သံတမန်ဆက်ဆံရေးအကြီးအကျယ်ယိုယွင်းနေတာအမျိုးမျိုးကို ပြောဆိုတာပါ။ ကျွန်တော်တို့ သံတမန်ဆက်ဆံရေးဖြတ်ပစ်ပြီး တစ်ဦးနှင့်တစ်ဦး စကားပြောတာမရပ်နိုင်ဘူး” လို့သူကပြောပါတယ်။

Source Reuters