Published 4 June 2022

တရုတ်နိုင်ငံအနောက်ပိုင်း ကွေးကျိုး ပြည်နယ် ရုံးကျန်းစီရင်စုက ရထားဘူတာရုံမှာ ကျည်ဆံအမြန်ရထားတစ်စီး လမ်းချော်ရာ ရထားမောင်းသေဆုံးသွားပြီး အခြား(၈)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စနေနေ့ ဒေသစံတော်ချိန် မနက်၁၀နာရီခွဲမှာ ရထားလမ်းချော်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ရထားအုပ်စုကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။

ပြည်နယ်မြို့တော်ကွေးရန်းကနေထွက်ခွာပြီး  တောင်ပိုင်း ကွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့ကို ဦးတည်မောင်းနှင်နေတဲ့ အဆိုပါ ကျည်ဆံရထား D2809ရဲ့ တွဲနှစ်တွဲဟာ  ရုံးကျန်းဘူတာရုံကို ရောက်ခါနီးမှာ ရွှံစေးတွေနှင့် ကျောက်ခဲတွေထိမှန်ပြီးနောက်  လမ်းချော်ခဲ့ရတာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ရထားတွဲစောင့်တစ်ဦးနှင့် ခရီးသည်(၇)ဦးတို့ပါဝင်ပြီး သူတို့ကို ဒေသဆေးရုံမှာ ဆေးဝါးကုသမှုပေးနေပါတယ်။ ခရီးသည် ၁၃၆ ဦးကိုတော့ ကယ်ထုတ်လိုက်နိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက အဲဒီဒေသမှာ မိုးသည်းထန်ခဲ့တာဖြစ်ပါတယ်။ ရထားလမ်းချော်မှုကိစ္စ စတင်စုံစမ်းစစ်ဆေးနေပြီလို့ ကုမ္ပဏီက ပြောပါတယ်။

Source CCTV+