#WorldHealth
Published 27 May 2022

 

ခွေးတွေက လူတွေအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့အပြင် ကိုဗစ်ရောဂါပိုးရှိသူများကိုလည်း အနံ့ခံဖော်ထုတ်နိုင်ကြောင်း BMJ Global Health မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။

 

အဆိုပါလေ့လာချက်ကို ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီဗန်တာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အရေပြားတို့ဖတ်စနမူနာတွေကို အသုံးပြုပြီး ကိုဗစ်ကူးစက်မှုတွေကိုရှာဖွေနိုင်အောင် ခွေးတွေကိုလေ့ကျင့်ပေးခဲ့ကြပါတယ်။

 

ကိုဗစ်ဗိုင်းရပ်စ်ပိုးရှိနေတဲ့ လူ ၁၁၄ ယောက်ရဲ့အရေပြားနမူနာနဲ့ ရောဂါပိုးမရှိသူ ၃၀၆ ယောက်တို့ရဲ့အရေပြားနမူနာတို့ကို စမ်းသပ်အနံ့ခံခိုင်းခဲ့ရာမှာ ၉၂ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပါတယ်။

 

လေ့လာချက်ထဲမှာ လေ့ကျင့်ပေးတဲ့ ခွေး ၄ ကောင်ရှိပြီး ကိုဗစ်ရောဂါပိုးရှိသူတွေရဲ့ အရေပြားတို့ဖတ်စတွေကို အနံ့ခံခိုင်းကာ ဗိုင်းရပ်စ်ကိုရှာဖွေနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။

 

ခွေးတွေနဲ့ စစ်ဆေးစမ်းသပ်ခြင်းက အချိန်ကုန်သက်သာသလို အခြားစမ်းသပ်နည်းတွေ မလုပ်နိုင်တဲ့အချိန်မှာလည်း အသုံးပြုနိုင်မှာပါ။

 

ဒီစမ်းသပ်နည်းဖြင့် လေဆိပ်တွေနဲ့ လူအများစုဝေးရာနေရာတွေမှာ ဗိုင်းရပ်စ်ရှာဖွေနိုင်အောင် လေ့ကျင့်ထားတဲ့ခွေးတွေနဲ့ ကိုဗစ်စစ်ဆေးမှုတွေ ပြုလုပ်သွားနိုင်မှာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်တွေ့ရှိအောင် လေ့ကျင့်ပေးရာမှာ ခွေးတွေကို ရောဂါပိုးအသားစနမူနာ ပါဝင်တဲ့သံဗူးများကို အနံ့ခံခိုင်းပြီး ရောဂါပိုးရှိတယ်ဆိုတာကို ညွှန်းနိုင်အောင် သင်ကြားပေးပါတယ်။

 

အဲဒီနောက် ရောဂါပိုးမရှိတဲ့ အသားစနမူနာကိုလည်း အနံ့ခံခိုင်းကာ ခွဲခြားသိရှိစေရန် သင်ကြားပေးခဲ့ပါတယ်။

 

ခွေးတွေကိုသာ အမိန့်ပေးနိုင်မယ်ဆိုရင် အသုံးဝင်တဲ့အကူအညီရရှိစေလာမှာဖြစ်ပါတယ်။

 

ခွေးတွေအနေနဲ့ ရောဂါပိုးရှာဖွေခြင်း ၅ ကြိမ်မှာ ၄ ကြိမ်မှန်ကန်ခဲ့တယ်ဆိုရင် ဟယ်လ်ဆင်ကီဗန်တာလေဆိပ်မှာ ဆက်လက်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

 

လေ့ကျင့်ပေးတဲ့ ကာလတုန်းကတော့ ဖင်လန်နိုင်ငံမှာ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ မပေါ်ပေါက်သေးပါဘူး။

 

Source: The Jerusalem Post
#Yangon_Media_Group