#WorldHealth
Published 26 May 2022

 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လူငယ်တွေမှာ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို မထိခိုက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

အရင်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေက ရောဂါကူးစက်ခံရသူရဲ့နှလုံးနဲ့ သွေးကြောများကို ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

ဒါကြောင့် အဆိုပါဘေးအန္တရာယ်မျိုး လူငယ်တွေမှာလည်း ဖြစ်နိုင်လားဆိုတာကိုသိရဖို့ သုတေသီများ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

 

နှလုံးနဲ့ သွေးလည်ပတ်စီးဆင်းခြင်းဆိုင်ရာ ဇီဝကမ္မသဘောတရားအတိုင်း နှလုံးသွေးကြောလည်ပတ်စနစ်မှာ သွေးကြောလုပ်ဆောင်ချက်၊ တုန့်ပြန်လှုပ်ရှားမှု၊ သွေးလွှတ်ကြောမာတောင့်ခြင်း၊ နှလုံးခုန်နှုန်းအ‌ပြောင်းအလဲ၊ သွေးပေါင်ချိန်အပြောင်းအလဲအတွင်း နှလုံးတုန့်ပြန်မှု စတာတွေကိုလေ့လာရာမှာ ထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြောင်း ဇီဝကမ္မအမေရိကန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

စမ်းသပ်ခဲ့သူတွေဟာ ပျှမ်းမျှအရွယ်စရောက်သူတွေကနေ ၂၅ နှစ်ကြား ပါဝင်ခဲ့ကာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး အိုမီခရွန်ကူးစက်ခဲ့တဲ့လူငယ် ၂၃ ဦးနဲ့ ကာကွယ်ဆေးထိုးထားပြီး ရောဂါမကူးစက်ဖူးတဲ့လူငယ် ၁၃ ဦးတို့ကို နှိင်းယှဉ်ကြည့်ခဲ့ရာမှာ ကွာခြားမှုမရှိတာကို တွေ့ခဲ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတိုင်းကတော့ လူငယ်တွေမှာ နှလုံးသွေးကြောဆိုင်ရာပြဿနာများ ဖြစ်စေနိုင်တာမဟုတ်ကြောင်း၊ ဒါပေမဲ့လဲ ရေရှည်မှာတော့ ထိခိုက်စေနိုင်တဲ့အထောက်အထားမျိုးတွေ့ရကြောင်း၊ နောက်ထပ်လေ့လာစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့လိုအပ်ကြောင်း ဖော်ပြထားကြပါတယ်။

 

Source: Reuters.
#Yangon_Media_Group