#WorldHealth
Published 24 May 2022

 

အက်ဆစ်ဓာတ်လျှော့ချပေးတဲ့ အန်တဆစ်အမျိုးအစား ဖာမိုတဒင်းဆေးတွေဟာ ကိုဗစ်ရောဂါလက္ခဏာများသက်သာအောင် ကူညီပေးနိုင်ကြောင်း သုတေသီများက လက်တွေ့စမ်းသပ်မှုတွေပြုလုပ်ပြီး တွေ့ရှိခဲ့ကြပါတယ်။

 

ကြွက်တွေနဲ့စမ်းသပ်ရာမှာ ဖာမိုတဒင်းဆေးက ရောဂါကိုယ်ခံအားနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးတဲ့ ဗေးဂတ်စ်နာ့ဗ်အာရုံကြောကို လှုဆော်ပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

Cytokine storms လို့ခေါ်တဲ့ ကိုယ်ခံအားတုန့်ပြန်မှုစနစ်က ရောင်ရမ်းခြင်းဖြစ်စေတဲ့ ပရိုတိန်းတွေကို သွေးထဲပိုမိုရောက်ရှိစေပါတယ်။

 

ဗေးဂတ်စ်နာ့ဗ်ကို လှုံ့ဆော်ခြင်းဖြင့် အဆိုပါကိုယ်ခံအားတုန့်ပြန်မှုစနစ်ကို ဖိနှိပ်ပေးပါတယ်။

ဖာမိုတဒင်းကို ကြွက်တွေကိုပေးတဲ့အခါ သွေးတွေနဲ့သရက်ရွက်ထဲမှာ ရောင်ရမ်းခြင်းပရိုတိန်းပမာဏ သိသိသာသာနည်းလာပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။

 

ဒါပေမဲ့ ဗေးဂတ်စ်နာ့ဗ်ပြတ်တောက်သွားရင်တော့ ဖာမိုတဒင်းပေးပေမယ့်လည်း ကိုယ်ခံအားတုန့်ပြန်မှုစနစ်ကို မထိန်းချုပ်နိုင်တော့ကြောင်း Molecular Medicine မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

 

လေ့လာချက်တွေအရ ကိုဗစ်လူနာ‌တွေမှာ ဗေးဂတ်စ်နာ့ဗ်က ကိုယ်ခံအားတုန့်ပြန်မှုစနစ်ကို ထိန်းချုပ်နိုင်ကြောင်း နယူးယော့ခ်မြို့ ဖိုင်စတိုင်ဆေးပညာတက္ကသိုလ်မှ ‘ကီဗင်ထရေစီ’က ပြောပြခဲ့ပါတယ်။

 

ဗေးဂတ်စ်နာ့ဗ်ကို လျှပ်စစ်ဖြင့်တိုက်ရိုက်လှုံ့ဆော်ခြင်းက ရောဂါအမျိုးမျိုးမှာ သိသာစေတယ်လို့သိရှိထားပါတယ်။

 

ဖာမိုတဒင်းသောက်ဆေးက ဗေးဂတ်စ်နာ့ဗ်ကိုလှုံ့ဆော်ပေးပြီး ကိုဗစ်လူနာတွေမှာ တစ်ရှူးထိခိုက်ခြင်းနဲ့ ပရိုတိန်းပြန်လည်ဖြစ်ပေါ်မှုတွေကို လျှော့ချပေးကြောင်း သုတေသီများက သုံးသပ်ထားပါတယ်။

Source: Reuters.
#Yangon_Media_Group