#WorldNews
Published 23 May 2022

 

အာဟာရနို့မှုန့်တွေ တင်ဆောင်လာတဲ့ စစ်လေယာဉ်တစ်စင်းဟာ အမေရိကန်နိုင်ငံ အင်ဒီယာနာပိုလစ်သို့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာခဲ့ရာ ကလေးငယ်များအတွက် နို့ဗူးသန်းတစ်ဝက်ကျော်တိုက်ကျွေးနိုင်မှာ ဖြစ်ပါတယ်။

 

ဒါဟာ ဥရောပက‌ ပထမအသုတ်ပို့ဆောင်လိုက်တာဖြစ်ပြီး ကလေးတွေကိုတိုက်ကျွေးဖို့ အာဟာရနို့မှုန့်မလုံမလောက်ဖြစ်နေတဲ့ အမေရိကန်မှ ကလေးမိဘများအတွက် ရည်ရွယ်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

 

ပို့ဆောင်မယ့်ကုန်တင်လေယာဉ်တွေ မရှိတာကြောင့် သမ္မတ’ဂျိုးဘိုင်ဒန်’က ‘Operation Fly Formula’ခရီးစဉ်ကို လေတပ်လေယာဉ်များဖြင့် ပို့ဆောင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

ယခုတင်ဆောင်လာတဲ့ အာဟာရနို့မှုန့်တွေက တန်ချိန် ၇၈,၀၀၀ ပေါင်ရှိကြောင်း အိမ်ဖြူတော်စာနယ်ဇင်းတာဝန်ခံ’ကာရင်ဂျွန်ပီယာရဲ’က သတင်းထောက်များကို ပြောပြခဲ့ပါတယ်။

 

ပထမအသုတ်ပို့ဆောင်မှုကို ခရီးဦးကြို‌ဆိုဖို့ စိုက်ပျိုးရေးဝန်ကြီး’တွမ်ဗီလ်ဆက်’က အင်ဒီယာနာပိုလစ်ကို ရောက်ရှိနေခဲ့ပါတယ်။

 

အခုလို အာဟာရနို့မှုန့်များ ရောက်ရှိလာတာက ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ အစိုးရအတွက် အနည်းငယ်ဖြေသာစရာ ဖြစ်ခဲ့ပါတယ်။

 

တနင်္ဂနွေနေ့ကရောက်ရှိခဲ့တာတွေက အမေရိကန်ရဲ့အာဟာရနို့မှုန့်လိုအပ်ချက်ကို ၁၅ ရာခိုင်နှုန်းဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

အာဟာရမှုန့်ထုတ်လုပ်မှုကို တစ်ဦးတည်းကပဲ ခြယ်လှယ်နေတာမျိုးမဖြစ်အောင် ထုတ်လုပ်တဲ့ကုမ္ပဏီအများအပြားရှိဖို့ လိုအပ်နေပါတယ်။

 

အခုဆိုရင် Abbott Nutrition နဲ့ Mead-Johnson ကုမ္ပဏီတို့က အာဟာရမှုန့်များလက်ခံထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။

 

မီချီဂန်မှာရှိတဲ့ နိုင်ငံအတွင်း အာဟာရမှုန့်ထုတ်လုပ်ရေး အကြီးဆုံးကုမ္ပဏီဟာ ဘေးကင်းစိတ်ချရခြင်းဆိုင်ရာ ပြဿနာများကြောင့် ဖေဖော်ဝါရီလမှာ ပိတ်သိမ်းခဲ့ရကာ အမေရိကန်မှာ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ချေနည်းတဲ့ အာဟာရနို့မှုန့်တွေရှားပါးပြတ်လတ်ခြင်းပြဿနာကို အစိုးရကဖြေရှင်းဖို့ ကြိုးစားနေရပါတယ်။

 

ဂျာမနီနိုင်ငံ ရမ်စတိုင်းလေဆိပ်ကနေ Nestle Health Science မှ အာဟာရမှုန့်အိတ်ပေါင်း ၁၃၂ အိတ်ရောက်ရှိထားပြီး Gerber Good Start Extensive မှ အိတ်ပေါင်း ၁၁၄ အိတ်ဟာ လာမယ့်ရက်အတွင်း ထပ်မံရောက်ရှိလာမှာဖြစ်ကြောင်း အိမ်ဖြူတော်က အသိပေးလိုက်ပါတယ်။

 

နွားနို့ပရိုတိန်းနဲ့ ဓာတ်မတည့်တဲ့ကလေးများအတွက် ရည်ရွယ်တဲ့ အာဟာရမှုန့်နိုဗူး ၁.၅ သန်းဟာလည်း ယခုအပတ်အတွင်း ရောက်ရှိလာမှာဖြစ်ပါတယ်။

 

အခုရောက်ရှိတဲ့ အာဟာရမှုန့်တွေကို အင်ဒီယာနာပိုလစ်ရှိ Nestle ဖြန့်ချိရေးစင်တာကနေ ဖြန့်ဖြူးမှာဖြစ်ပြီး စံညွှန်းအရည်အသွေး စစ်ဆေးသွားမှာဖြစ်ပါတယ်။

 

အမေရိကန်မှ တာဝန်ရှိသူများနဲ့ Abbott Nutrient တိုက မီချီဂန်ရှိစက်ရုံကို နောက်အပတ်မှာပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် တင်ပို့ဖို့အဆင်သင့်ဖြစ်ဖို့က ၂ လလောက်ကြာနေနိုင်ပါတယ်။

 

အာဟာရမှုန့်ပြတ်လတ်နေတဲ့ အချိန်ဖြစ်တာကြောင့် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးက စံချိန်စံညွှန်းသတ်မှတ်ချက်တွေကို လျှော့ချတိုင်းတာသွားမှာဖြစ်ပါတယ်။

 

Source: AP News
#Yangon_Media_Group