Published 23 May 2022

ထိုင်ဝမ်ကိုမည်သို့သောကျူးကျော်မှုမျိုးမဆို ထိုင်ဝမ်ရဲ့အကျိုးစီးပွားဘက်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်က တရုတ်ကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဂျပန်ကိုရောက်ရှိနေစဉ်အတွင်း မေလ(၂၃)ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယခုလိုပြောခဲ့တာပါ။ ယူကရိန်းမှာဖြစ်ခဲ့သလို နောက်ထပ်အလားတူအရေးယူဆောင်ရွက်တာမျိုးတွရှိလာလိမ့် မယ်လို့လည်းသူကပြောပါတယ်။

ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်လာရင် စကားပြောဆင်ခြင်ဖို့ တရုတ်ကလည်း အမေရိကန်ကို သတိပေးတုန့်ပြန်လိုက်ပါတယ်။  တရုတ်ရဲ့အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို မဆုတ်မနစ်ကာကွယ်ပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှု တွေလုပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝမ်ဝေပင်းက ဘေဂျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။”ကျွန်တော်တို့စကားတွေဟာ ကျွန်တော်တို့အရေးယူဆောင်ရွက်မှုတွေဖြစ်လာလိမ့်မယ်” လို့လည်း သူက အမေရိကန်ကိုထပ်မံသတိပေးခဲ့ပါတယ်။

Source AFP