#WorldPolitics
Published 16 May 2022

 

ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့မှအစိုးရအဖွဲ့များက (NATO)နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေး လျှောက်ထားသွားမယ်လို့ မေ ၁၅ ရက်နေ့က ကြေညာလိုက်ပါတယ်။

 

ယူကရိန်းကို ကျူးကျော်လာတဲ့ ရုရှားရန်ကြောင့် နေတိုးအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရဖို အရှိန်မြှင့် လုပ်‌ဆောင်လာတာဖြစ်ပါတယ်။

အဆိုပါ လျှောက်ထားချက်ကိုအတည်ပြုဖို့ ဖင်လန်လွှတ်တော်မှာ တနင်္လာနေ့မှာ ဆွေးနွေးညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

 

နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ ဥပဒေရှေ့နေအများစုနဲ့ အများပြည်သူကလည်း ထောက်ခံနေကြပြီး တရားဝင်လျှောက်ထားဖို့သာ လိုအပ်နေတာဖြစ်ပါတယ်။

အဖွဲ့ဝင်လျှောက်ထားရေးကိစ္စကို ဖင်လန်သမ္မတ’ဆော်လီနီနစ္စတို’က ဟယ်လ်ဆင်ကီရှိ သမ္မတအိမ်တော်မှာ သတင်းထောက်တွေကို အတည်ပြု ပြောကြားသွားပါတယ်။

 

အဲဒီမတိုင်ခင်က ထိုကိစ္စအကြောင်းကို ရုရှားသမ္မတ’ပူတင်’အား အသိပေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေလိမ့်မယ်လို့ တုန့်ပြန်သတိပေးလိုက်ပါတယ်။

 

“ပြည်သူ့သမ္မတအစိုးရအဖွဲ့နဲ့ နိုင်ငံခြားရေးပေါ်လစီကော်မတီတိုက လွှတ်တော်နဲ့တိုင်ပင်ဆွေးနွေးပြီးတဲ့ အချိန်ကျရင် နေတိုးအဖွဲ့ဝင်လျှောက်ထားဖို့ သဘောတူထားပါတယ်” လို့ မစ္စတာ’နီနစ္စတို’က ပြောကြားသွားပါတယ်။

“ဖင်လန်နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်တာမျိုးမရှိဘဲနဲ့ စစ်ရေးကိစ္စကြားနေ ရပ်တည်တဲ့အစဉ်အလာကို ချိုးဖောက်မယ်ဆိုရင် အမှားကြီးမှားသွားမှာဖြစ်ကြောင်း ‘ပူတင်’ကသတိပေးလိုက်ပါတယ်” လို့ ရုရှားအုပ်ချုပ်ရေးအခြေစိုက် ကရန်မလင်နန်းတော်မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဖင်လန်သမ္မတက ရုရှားခြိမ်းခြောက်မှုကို ဘေးချိတ်ထားကာ ရုရှားဘက်ကဖြည်းဖြည်းချင်း တွန်းအားပေးလာနိုင်ပေမယ့် စစ်ရေးတိုက်ခိုက်မှုတွေနဲ့တော့ ရင်မဆိုင်ရလောက်ဘူးလို့ ယူဆနေပါတယ်။

 

အရင်အစဉ်အလာဖြစ်တဲ့ စစ်ရေးကြားနေရပ်တည်ရေးကို လက်လွှတ်ကာ နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေး လျှောက်ထားဖို့ကို လက်ခံထားတဲ့ အကြီးတန်းအရာရှိတွေရှိသကဲ့သို့ အလျင်စလိုပြုလုပ်ဖို့ မလိုဘူးဆိုပြီး သဘောထားကွဲလွဲသူများလည်း ရှိနေပါတယ်။

 

ဖင်လန်နဲ့ဆွီဒင်နိုင်ငံတို့ နောက်အပတ်မှာ အတူတကွလျှောက်ထားနိုင်ဖို့မျှော်မှန်းထားကြောင်း ဖင်လန်ဝန်ကြီးချုပ်’ဆန်နာမာရင်’က ဖော်ပြခဲ့ပါတယ်။

 

အဖွဲ့ဝင်ဖြစ်မြောက်ရေး အောင်မြင်မှုရဖို့ ရက်သတ္တပတ်အကုန်မှာ နေတိုးနိုင်ငံခြားရေးဝန်ကြီးများက ဘာလင်မြို့မှာ ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်ပါတယ်။

 

“အလျင်အမြန်သဘောတူညီချက်ရဖို့ ဂျာမနီက အားလုံးပြင်ဆင်ထားပါတယ်။ သူတို့အတွက် လုံခြုံရေး အာမခံချက်ရရှိဖို့လိုအပ်ပြီး ကြားနေဝိဝါဒဖြစ်နေတာမျိုး မရှိစေရပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီး’အန်နာလီနာဘာဘော့ဂ်’က ပြောဆိုခဲ့ပါတယ်။

 

နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လက်ရှိအဖွဲ့ဝင် ၃၀ နိုင်ငံစလုံးက တညီတညွတ်တည်းသဘောတူဖို့ လိုအပ်နေပြီး တူရကီလိုနိုင်ငံမျိုးက ယခုကိစ္စကို ကန့်ကွက်ဖို့ဆန္ဒရှိနေပါတယ်။

 

ဒါပေမဲ့လည်း တူရကီကိုဖိတ်ကြားညှိနှိုင်းပြီး နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေးကို အဟန့်အတားမဖြစ်စေဖို့ ကြိုးပမ်းနိုင်လိုရကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်'ယန်းစ်စတိုလ်တန်ဘာ့ဂ်’က ပြောပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောဆိုပြီးနောက် အားလုံးရဲ့သဘောတူညီချက်ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 

Source: The Straits Times
#Yangon_Media_Group