#WorldHealth

Published 16 May 2022

 

သိပ္ပံပညာရှင်တွေက ပျက်စီးနေတဲ့နှလုံးတစ်ရှူးများကို ကုသနိုင်ခဲ့ရာ နှလုံးရောဂါဝေဒနာရှင်များ သက်တမ်းပိုမိုကြာရှည်စွာ နေထိုင်နိုင်တော့မှာဖြစ်ပါတယ်။

 

နှလုံးရောဂါဖြစ်တဲ့သူတွေမှာ သူတို့ရဲ့နှလုံးက ပြုပြင်နိုင်စွမ်းအလွန်အားနည်းသွားပြီး ကျုံနိုင်ဆန့်နိုင်ခြင်းမလုပ်နိုင်တဲ့ အမာရွတ်တစ်ရှူးများကျန်ခဲ့ပါတယ်။

 

အခုတော့ ဂျာမနီ၊ ဆွီဒင်တို့နဲ့ အက်စ်ထရာဇန်နီကာကုမ္ပဏီတို့မှ သိပ္ပံပညာရှင်များက ပင်မ stem ဆဲလ်များကိုအသုံးပြုပြီး နှလုံးတစ်ရှူးများပိုမိုထိရောက်လှုပ်ရှားနိုင်အောင် ကုသနည်းဖန်တီးနိုင်ခဲ့ပါတယ်။

 

HVP ဆဲလ်တွေကိုအသုံးပြုပြီး ဝက်တွေမှာရှိတဲ့နှလုံးဆဲလ်တွေကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

 

အဆိုပါဆဲလ်တွေက ကြီးထွားဖွံ့ဖြိုးလာတဲ့အချိန်မှာ အတွင်းအင်္ဂါပြန်လည်ဖွဲ့စည်းဖို့ အဓိကပါဝင်ပေးပြီး လိုအပ်တဲ့နေရာမှာ နှလုံးဆဲလ်များအဖြစ် ပြောင်းလဲပေးပါတယ်။

 

လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုကို လာမယ့် ၂ နှစ်အတွင်းစမ်းသပ်သွားဖို့မျှော်လင့်ထားကြောင်း Nature Cell Biology ဂျာနယ်မှာ ဖော်ပြသွားပါတယ်။

 

ဒီစမ်းသပ်မှုကို မြူးနစ်နည်းပညာတက္ကသိုလ်၊ ဆွီဒင်ကယ်ရိုလင်စကာတက္ကသိုလ်နဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ အက်စ်ထရာဇန်နီကာမှ သုတေသီများက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

သူတို့ရဲ့စမ်းသပ်ချက်မှာ ရှုပ်ထွေးလှတဲ့မော်လီကျူးဖြစ်စဉ်များပါဝင်ပြီး နှလုံးကြွက်သားတဝိုက်ရှိ ပျက်စီးနေတဲ့နေရာတွေကို ပြုပြင်ပေးပါတယ်။

 

ဝက်တွေရဲ့ဇီဝကမ္မဖြစ်စဉ်က လူသားတွေနဲ့နီးစပ်တာကြောင့် ဝက်တွေရဲ့ပျက်စီးနေတဲ့နှလုံးကို စမ်းသပ်ခဲ့ကြတာပါ။

 

သူတို့ရဲ့ကုသနည်းက ကြီးမားတဲ့သတ္တဝါတွေမှာတောင် ဘေးထွက်ဆိုးကျိုးမရှိဘဲ နှလုံးကိုပြုပြင်ကုသပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အက်စ်ထရာဇန်နီကာမှ ဦးဆောင်သုတေသီဒေါက်တာ'ရက်ဂျီနာဖရစ်ချ်ဒန်နီယယ်ဆန်'က "နှလုံးတစ်ရှူးများပြန်လည်ဖွဲ့စည်းအောင်ကုသနိုင်ခဲ့ပြီး နှလုံးလုပ်ဆောင်ချက်များ တိုးတက်ကောင်းမွန်လာကာ အမာရွတ်လျော့နည်းသွားပါတယ်" လို့ ဆိုပါတယ်။

နှလုံးရောဂါရှိတဲ့သူတွေဟာ သွေးကြောများနဲ့ နှလုံးကြွက်သားဆဲလ်များသေဆုံးပြီးနောက် အမာရွတ်တစ်ရှူးများက အစားထိုးဖြည့်လာပြီး နှလုံးလုပ်ဆောင်ချက်ကို ပျက်စီးယိုယွင်းစေတာဖြစ်ပါတယ်။

 

Source: DailyMail.
#Yangon_Media_Group