Published 13 May 2022

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ရဲ့ သမ္မတ ရှိတ်ခါလီဖာဘင်ဇာယတ်အယ်လ်နာယန် ကွယ်လွန်သွားပြီလို့ သမ္မတရေးရာ ဝန်ကြီးဌာနက မေလ(၁၃)ရက်သောကြာနေ့က ကြေညာပါတယ်။ သူဟာ အာဘူဒါဘီစော်ဘွားလည်းဖြစ်ပါတယ်။

“ သမ္မတရေးရာဝန်ကြီးဌာနဟာ ယူအေအီးပြည်သူတွေ၊အာရပ်နှင့် အစ္စလမ်မစ်နိုင်ငံတွေနှင်ကမ္ဘာကြီးကို သမ္မတ ရှိခါလီဖာဘင်ဇာယတ်အယ််နာယန် သောကြာနေ့က ကွယ်လွန်ကြောင်း ပူဆွေးကြေကွဲစွာကြေညာပါတယ်” လို့ နိုင်ငံပိုင်မီဒီယာကနေကြေညာခဲ့ပါတယ်။အသေးစိတ်တော့ ထုတ်ပြန်ကြေညာခြင်းမပြုပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတနှင့်ဝန်ကြီးချုပ် ရှိမိုဟာမက်ဘင်ရာရှစ်အယ်လ်မက်တွမ်ဟာ ယာယီသမ္မတအဖြစ် ဖက်ဒရယ်ကောင်းစီက နောက်သမ္မတရွေးချယ်ပေးတဲ့အထိ ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ကောင်စီဟာ စော်ဘွား (၁၇)ဦးပါ အဖွဲ့ဖြစ်ပပြီး ရက်ပေါင်း၃၀အတွင်းတွေ့ဆုံရမှာပါ။

၂၀၁၄ခုနှစ်မှာ လေဖြတ်ပြီးကတည်းက ၁၉၄၉မှာမွေးဖွားခဲ့တဲ့ ခါလီဖာဟာလူမြင်ကွင်းကိုသိပ်မထွက်တော့ပါဘူး။ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲဖြစ်တဲ့ အမ်ဘီဇက်လို့သိကြတဲ့ အာဘူဒါဘီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဇာယက်ဟာ လက်တွေ့ အုပ်ချုပ်နေသူဖြစ်လာခဲ့ပါတယ်။

ယူအေအီးဟာ ဝမ်းနည်းဘွယ်နေ့ပေါင်း ၄၀ သတမှတ်ထားပြီး သောကြာနေ့ကစလို့ အလံကိုတိုင်တစ်ဝက် လျှော့ချလွှင့်ထူလိုက် ပါတယ်။ အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းတွေကို သုံးရက်ရပ်ဆိုင်းထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အာဘူဒါဘီရဲ့အချမ်းသာဆုံးစော်ဘွားအဖြစ် ခါလီဖာဟာ ၂၀၀၄ခုနှစ်က အာဏာစတင်ရခဲ့ပြီး နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ သူ့အရိုက်အရာကို အိမ်ရှေ့မင်းသား ရှိတ်မိုဟာမ်ကက ဆက်ခံဖွယ်ရှိနေပါတယ်။

ခါလီရဲ့ဖခင် ကွယ်လွန်သူ ရှိတ်ဇာဘတ်ဘင်ဆူလ်တန်အယ်လ်နာယန်ဟာ ၁၉၇၁ ခုနှစ်မှာယူအေအီးကို ဖက်ဒရယ်နိုင်ငံ အဖြစ် တည်ထောင်ခဲ့ပါတယ်။ အဲဒီကစပြီး ပင်လယ်ကွေ့နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို အများဆုံးရယူထားတဲ့ အာဘူဒါဘီဟာ သမ္မတနေရာရယူထားခဲ့တာဖြစ်ပါတယ်။

Source Reuters