#Health_Technology
Published 11 May 2022

 

အိန္ဒိယနိုင်ငံမှ ခွဲစိတ်ပါရဂူတစ်ဦးက အမျိုးသားအဖြစ်မွေးဖွားလာပြီး အမျိုးသမီးအဖြစ်သို့ လိင်အင်္ဂါပြောင်းလဲ ခွဲစိတ်ထားသူတစ်ဦးကို သားအိမ်ခေါင်းထည့်သွင်းပေးကာ ကိုယ်ဝန်လွယ်နိုင်အောင်ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

 

ဒီခွဲစိတ်မှုဟာ အန္တရာယ်များပြီး သေဆုံးပြီးသားကိုယ်တွင်းအင်္ဂါအလှူရှင် ဒါမှမဟုတ် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးဆီမှ မျိုးပွားအင်္ဂါတွေကို ထုတ်ယူရမှာဖြစ်ပါတယ်။

 

အရင်တုန်းက လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသမီးထဲသို့ သားအိမ်ခေါင်းထည့်သွင်းခြင်းဖြစ်စဉ်တစ်ကြိမ်သာရှိခဲ့ပြီး လပိုင်းအကြာမှာပဲ ဘေးထွက်ဆိုးကျိုးများကြောင့် သေဆုံးသွားခဲ့ပါတယ်။

 

အခု အင်္ဂါပြောင်းလဲထားသူတစ်ဦးမှာ ကိုယ်ဝန်ရ‌အောင်ပြုလုပ်ဖို့က ပိုမိုခက်ခဲနိုင်ပြီး ဖန်ပြွန်သန္ဓေတည်ခြင်းနဲ့ ဗိုက်ခွဲမွေးခြင်းတို့ လိုအပ်လာပါတယ်။

နယူးဒေလီမြို့မှ လိင်အင်္ဂါခွဲစိတ်ရေးဆေးခန်းကို တည်ထောင်ထားတဲ့ ဒေါက်တာ’နရန်ဒရာကူရှစ်’က ဒီခွဲစိတ်မှုကိုအောင်မြင်မယ်လို့ အလွန်ယုံကြည်နေပါတယ်။

 

အင်္ဂါပြောင်းထားတဲ့သူတွေက အမျိုးသမီးတစ်ယောက်နဲ့ အနီးစပ်ဆုံးတူညီချင်ကြတာဖြစ်ပြီး ကလေးအမေဖြစ်ဖို့လည်း ဆန္ဒရှိကြပါတယ်လို့ ဒေါက်တာက The Mirror မှာပြောကြားခဲ့ပါတယ်။

‘သားအိမ်အစားထိုးထည့်သွင်းတာက ကျောက်ကပ်နဲ့အခြားအင်္ဂါတွေခွဲစိတ်သလိုပါပဲ၊ ဒါကအနာဂတ်မျှော်လင့်ချက်ဖြစ်ပါတယ်၊ ဘယ်တော့လောက်ဖြစ်မလဲမသိနိုင်ပေမယ့် သိပ်မကြာခင်ဖြစ်လာနိုင်ပါတယ်’ လို့ ပြောပြသွားပါတယ်။

လူနာရဲ့အချက်အလက်နဲ့ ခွဲစိတ်မယ့်အချိန်ဇယားကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။

 

သားအိမ်ခေါင်းအစားထိုးခွဲစိတ်ခြင်းက ယူရိုငွေ ၅ သောင်းခန့်ကုန်ကျနိုင်ပါတယ်။

 

ယူကေမှလာတဲ့ လူနာတွေပြောပြရာမှာ သူတို့အင်္ဂါပြောင်းလဲထားတာကို လက်တွဲဖော်တွေက သတိတောင် မထားမိကြောင်း ဖွင့်ဆိုလာကြပါတယ်။

 

၂၀၁၄ နောက်ပိုင်း အမျိုးသမီးအချင်းချင်းမှ သားအိမ်အစားထိုးခွဲစိတ်မှုပေါင်း ၁၀၀ ကျော်ခွဲစိတ်အောင်မြင်ထားပြီး လက်ခံသူအမျိုးသမီးမှာ ကိုယ်ဝန်ရအောင် ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။

 

ဒါပေမဲ့ ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ပြောင်းလဲထားသူတွေမှာတော့ အမျိုးသမီးအင်္ဂါထည့်သွင်းခွဲစိတ်ဖို့က အခက်အခဲများစွာရှိလာပါတယ်။

 

၁၉၃၁ ခုနှစ်က လိင်အင်္ဂါ‌‌‌ပြောင်းထားတဲ့ ဒိန်းမတ်လူမျိုးတစ်ဦးဟာ ကလေးရဖို့ ဂျာမနီမှာခွဲစိတ်မှုပြုလုပ်ခဲ့ရာ ‌နောက်သုံးလအကြာမှာ ပိုးဝင်ပြီးနှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။

 

အခုကတော့ ဆေးပညာတိုးတက်လာတာကြောင့် သားအိမ်ခေါင်းအစားထိုးခွဲစိတ်ပြီး ကလေးမွေးဖွားနိုင်ဖို့က လက်တွေ့ဖြစ်လာနိုင်ချေရှိလာပါပြီ။

 

အမျိုးသမီးအစစ်သာ မျိုးဥထုတ်လုပ်နိုင်တာကြောင့် ဖန်ပြွန်ဖြင့်သ‌န္ဓေအောင်စေပြီးမှ ခန္ဓာကိုယ်ထဲထည့်ရမှာဖြစ်ပါတယ်။

 

ကြုံတွေ့နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက အင်္ဂါလက်မခံနိုင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးခဲခြင်း၊ အတွင်းဒဏ်ရာဖြစ်ခြင်းများ ရှိတတ်ပါတယ်။

 

Source: DailyMailf
#Yangon_Media_Group