#WorldHealth
Published 07 May 2022

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖူးသူတွေမှာ ဖိုင်ဇာနဲ့ မိုဒါနာတို့လို mRNA ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းက အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်ရာမှာ ထူးထူးခြားခြားထိရောက်နိုင်ဖွယ်မရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။

 

သုတေသီတိုက ၂၀၂၁ နိုဝင်ဘာလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း ကွန်နက်တီကတ်မှလူပေါင်း ၁၃၀,၀၀၀ နီးပါးကို ကိုဗစ်စစ်ဆေးခဲ့ပြီး အိုမီခရွန်ကူးစက်သူ ၁၀,၆၇၆ ဦးပါဝင်ခဲ့ပါတယ်။
အရင်မျိုးဗီဇကွဲများကူးစက်သူအကြမ်းဖျင်းအားဖြင့် ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းကြားရှိခဲ့ပြီး medRxiv ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။

 

ကိုဗစ်ရောဂါကူးစက်ခံရဖူးသူတွေမှာ mRNA ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းက အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်နိုင်စွမ်းမြှင့်တင်ပေးပေမယ့် တတိယအကြိမ်ထိုးနှံခြင်းကတော့ ကာကွယ်နိုင်စွမ်းပိုမိုပေးစွမ်းနိုင်မှာမဟုတ်ကြောင်း ယေးလ်တက္ကသိုလ်မှ'မာဂရက်လင်း'က ဆိုပါတယ်။

 

medRxiv ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ ကနေဒါကသုံးသပ်ချက်မှာလည်း ကာကွယ်ဆေးနှစ်ကြိမ်ထက်ပိုပြီးထိုးနှံခြင်းက အိုမီခရွန်ကာကွယ်နိုင်စွမ်း မဖြစ်စလောက်သာမြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

'လင်း'အသိပေးထားတဲ့အကြောင်းကြားစာထဲမှာ (၁) ကိုဗစ်ရောဂါကူးစက်ဖူးသည်ဖြစ်စေ/ မကူးစက်သည်ဖြစ်စေ mRNA ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံသင့်သည်၊ (၂) ရောဂါမကူးစက်ဖူးသူများက အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံသင့်သည်၊ (၃) ရောဂါကူးစက်ဖူးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ခံစားရနိုင်တဲ့သူတွေမှာသာ booster ထိုးနှံသင့်သည်၊ သိုပေမယ့် နှစ်ကြိမ်ထက်ပိုမိုထိုးနှံခြင်းက ရောဂါကာကွယ်နိုင်စွမ်းသိသိသာသာမြင့်တက်မှာမဟုတ်တာကို သိရှိထားဖိုလိုအပ်သည် ဆိုပြီးမှာကြားထားပါတယ်။

 

Source Reuters
#Yangon_Media_Group