#WorldHealth
Published 06 May 2022

ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခြင်းဖြင့် ကလေးများမှာ ရင်ကြပ်ရောဂါဝေဒနာ ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆရာဝန်များက သတိပေးလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားရာ ပထမဆုံးနှစ်အတွင်း အမေရိကန်မှ ရင်ကြပ်ရောဂါရှိတဲ့ ကလေး ၆၂,၀၀၀ နီးပါးကို PCR test စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇,၇၀၀ ရှိခဲ့ပါတယ်။

 

ရောဂါပိုးမရှိတဲ့သူတွေထက်စာရင် ကိုဗစ်ရောဂါကူးစက်ခံရတဲ့ကလေးတွေဟာ ရောဂါကူးစက်ခံရပြီး ၆ လအတွင်း ရင်ကြပ်ဝေဒနာပေါ်ပေါက်မှု၊ ဆေးရုံတက်ကုသခံယူရမှု၊ အရေးပေါ်အသက်ရှူကိရိယာအသုံးပြုရမှု၊ စတီးရွိက်ကုသပေးမှုများ သိသိသာသာပိုမိုကြုံတွေ့ခဲ့ရကြောင်း သုတေသီများက Allergy and Clinical Immunology: In Practice ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကတော့ ၆ လအတွင်း ရင်ကြပ်ဝေဒနာသက်သာလာခဲ့ကာ အရေးပေါ်ဌာနသွားရောက်ရခြင်း၊ ဆေးရုံတက်ကုသခံယူရခြင်း၊ ရင်ကြပ်ဝေဒနာကုသရမှုနည်းပါးခြင်းများရှိခဲ့တယ်လို့ ကယ်လီဖိုးနီးယား ကလေးကျန်းမာရေးဌာနမှ ဒေါက်တာ'ခရစ္စတင်းချောင်'က ပြောပြခဲ့ပါတယ်။

 

ကိုဗစ်ကာလအစောပိုင်းအတွင်း အိမ်ထဲနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းတို့လို ကျန်းမာရေးနဲ့အညီပြုမူခြင်းတို့ကြောင့် ရင်ကြပ်ဝေဒနာဖြစ်ပေါ်စေခြင်းမျိုး နည်းပါးသွားပြီး ရင်ကြပ်ရောဂါ သက်သာလာခဲ့ကြောင်း အစောပိုင်းလေ့လာမှုတွေမှာ တွေ့ရှိခဲ့ပါတယ်။

 

ကပ်ရောဂါအစပိုင်းနှစ်မှာ ရင်ကြပ်ရောဂါရှိတဲ့ကလေးတွေ ဝေဒနာသက်သာမှုများရှိခဲ့ပေမယ့် လေ့လာတွေ့ရှိချက်အသစ်အရ ကိုဗစ်ရောဂါအခြေအနေက ရင်ကြပ်ဝေဒနာအပေါ်သက်ရောက်နေကြောင်း ပြောကြားသွားပါတယ်။

 

Source: Reuters.
#Yangon_Media_Group