Published 5 May 2022

ဆိုးရွားလာနေတဲ့ ငွေကြေးဖောင်းပွမှုတွေကို လျော့ပါးသွားစေဖို့အတွက် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံ ၅၀မှတ်တင်လိုက်ပေမယ့် ဒေသခံတွေ ကုန်ဈေးနှုန်းကြီးတဲ့ ဒဏ်ဆက်လက်ခံစားနေရဆဲမှာ ဒါဟာ လာမယ့်(၂)နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှစ်ရာခိုင်နှုန်းရောက်ဖို့ ဖက်ဒရယ်က ဦးတည်ထားတာကို လုပ်ဆောင်နိုင်ပါ့မလားလို့ ဟားဗတ်ပါမောက္ခတစ်ဦးက သံသယဝင်နေပါတယ်။

အမေရိကန်ဖက်ဒရယ်အရန်ငွေကြေးက ယင်းရဲ့အတိုးနှုန်းတွေကို ဗုဒ္ဓဟူးနေ့က ရာခိုင်နှုန်းဝက်တိုးမြှင့်လိုက်ပါတယ်။ ဒါဟာ ၂၀၀၀ပြည်နှစ်ကတည်းက အမြင့်ဆုံးတိုးလိုက်ခြင်းဖြစ်ပါတယ်။ဆယ်စုနှစ်လေးစုအတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်လာနေတာကို ထိန်းကျောင်းဖို့ဖြစ်ပါတယ်။

မတ်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၈.၅ ရာခိုင်နှုန်းမြင့်တက်လာနေတယ်လို့ တရားဝင်ကိန်းဂဏန်းအချက် အလက်တွေအရသိရပါတယ်။ ဒါဟာ ၁၉၈၁ ဒီဇင်ဘာကတည်းကဆိုရင် အမြင့်ဆုံးရောက်နေတာပါ။ ပြီးခဲ့တဲ့ ခြောက်လ အတွင်း ငွေကြေးဖောင်းပွမှုက ခြောက်ရာခိုင်နှုန်းကျော်တက်ခဲ့တာပါ။ ဒါဟာ ဖက်ဒရယ်အရန်ငွေကြေးက မျှော်မှန်းထားတဲ့ နှစ်ရာခိုင်နှုန်းနှင့်အများကြီးကွာနေပါတယ်။

Source CMG