#WorldHealth
Published 03 May 2022

 

အမေရိကန်လူမျိုးအများစုဟာ ရောဂါဖြစ်ပွားခြင်းနဲ့ အသေစောခြင်းတို့မှ ကာကွယ်နိုင်ရန်မျှော်လင့်ပြီး ဗိုက်တာမင်အားဆေးများကို နေ့စဉ်မှီဝဲလေ့ရှိပါတယ်။

 

နေ့စဉ်အားဆေးသောက်သုံးခြင်းက အချိန်ကုန်ငွေကြေးကုန်တာပဲအဖတ်တင်ကြောင်း ထိပ်သီးပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။

 

မာဆာချူဆက်စ် ဘော့စ်တွန်ရှိ တက်ဖ်စ်တက္ကသိုလ်မှ ကင်ဆာရောဂါပညာရှင် ဒေါက်တာ'ဖန်ဖန်ကျန်း'က ဒီလိုဖြည့်စွက်အားဆေးနေ့စဉ်သုံးစွဲခြင်းက နာတာရှည်ရောဂါကာကွယ်နိုင်တာမျိုး လူတစ်ယောက်ရဲ့အသက်ကို ဆွဲဆန့်ပေးတာမျိုးဆိုတဲ့အထောက်အထားမျိုး မတွေ့ရကြောင်း TIME သတင်းဌာနကိုပြောကြားသွားပါတယ်။

 

ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗိုက်တာမင်တွေ သတ္တုဓာတ်တွေဟာ အစားအစာကနေအဓိကရရှိတာဖြစ်ပြီး ဗိုက်တာမင်အားဆေးတွေကဓာတ်တွေကို ခန္ဓာကိုယ်ကကောင်းစွာအသုံးမချနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဗိုက်တာမင်အားဆေးတွေမှီဝဲလေ့ရှိသူတွေဟာ ဝင်ငွေကောင်းသူတွေဖြစ်ကြပြီး ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာသန်စွမ်းစေတဲ့အလေ့အထပြုလုပ်သူတွေဖြစ်ကြတာကြောင့် ဖြည့်စွက်အားဆေးသုံးစွဲစရာမလိုဘူးလို ဆိုပါတယ်။

 

အမေရိကန်တွေနေ့စဉ်စားသောက်လေ့ရှိတဲ့ အစားအစာအများစုမှာ လိုအပ်တဲ့ဗိုက်တာမင်တွေ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

 

ခန္ဓာကိုယ်က ဗိုက်တာမင်နဲ့ သတ္တုဓာတ်အားဆေးတွေထက်စာရင် အစားအစာကရရှိတဲ့ဓာတ်တွေကိုပိုပြီး အကျိုးရှိရှိအသုံးချနိုင်ပါတယ်။


ဖြည့်စွက်အားဆေးတွေက အစားအစာကရတဲ့ သဘာဝအဟာရဓာတ်တွေလောက် ထိရောက်မှုမရှိပါဘူး။

 

အချို့လူတွေမှာဆိုရင် အဟာရမညီညွတ်တဲ့ အစားအသောက်တွေနေရာမှာ ဖြည့်စွက်အားဆေးများဖြင့် အစားထိုးအသုံးပြုနေကြပါတယ်။

 

"အားဆေးဓာတ်စာတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာအလေ့အထတွေနေရာမှာ အစားထိုးပြီးအသုံးမပြုသင့်ပါဘူး။ အဲဒီလောက်အစွမ်းထက်တဲ့ဆေးမရှိပါဘူး" လို့ 'ဖန်ဖန်ကျန်း'ကဆိုပါတယ်။

 

အမေရိကန်လူလတ်ပိုင်း သုံးပုံတစ်ပုံခန့်ဟာ ဗိုက်တာမင်အားဆေးများ သုံးစွဲလေ့ရှိပြီး ဒီဆေးတွေက ဘေးဥပါဒ်မဖြစ်စေပေမယ့် ငွေကုန်ကြေးကျလုပ်ရပ်သာဖြစ်ကြောင်း သတိပေးသွားပါတယ်။

 

Source: DailyMail
#Yangon_Media_Group