Published 29 April 2022

ရောဘတ်ဒီနဲရိုးဟာ ဧပြီ၂၈ရက် ကြာသပတေးနေ့က လာဗီးဂက်စ်မှာကျင်းပတဲ့ ရုပ်ရှင်ရုံပိုင်ရှင်များရဲ့ နှစ်ပတ်လည်ညီလာခံကို  စုဝေးရောက်ရှိလာကြတဲ့ ရုံပိုင်ရှင်တွေကို ပြသတဲ့ ရုပ်ရှင်အထူးပွဲရဲ့ လိုင်းရင်းဂိတ် ကော်ဇော်နီလမ်းမှာ လျှောက်လှမ်းခဲ့ပါတယ်။ ဒီနဲရိုးဟာ "About my Father" ဇာတ်မြူးကားထဲမှာ လူရွှင်တော် ဆီဘက်ရှန် မန်နစ်ကာလ်ကို ရဲ့ တကယ့်ဘဝကို သရုပ်ဆောင်ခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်သူတွေတော်တော်များများဟာ အီတလီ-အမေရိကန်တွေဖြစ်လို့ ရိုက်ကွင်းမှာ လူတိုင်း တစ်ဦးနှင့်တစ်ဦးသိကြပြီး နားလည်မှုရှိကြတယ်လို့ ရောဘတ်ဒီနဲရိုးက ပြောပါတယ်။

Source AFP