Published 22 April 2022

ဆယ်စုနှစ်တစ်စုကျော်အကြာ ပျောက်ကွယ်နေပြီးမှ အသက်၁၃နှစ်အရွယ် မိန်းကလေး ရှာလွတ်ဘရန်တီး ရေးတဲ့ လက်ရေးကဗျာစာအုပ် အသေးစားကလေးဟာ နယူးယောက်မှာ ပြန်ပေါ်လာပါတယ်။ ရှာလွတ်ဘရန်တီဟာ အင်္ဂလိပ်ဝတ္ထုရေးဆရာမနှင့် ကဗျာဆရာမတစ်ဦးအဖြစ် အင်္ဂလန်ရဲ့ ဂန္ထဝင်စာပေမှာ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။

ဖဲချပ်တစ်ချပ်ထက်ပင်သေးငယ်တဲ့ ၁၈၂၉ ရက်စွဲနှင့် အဲဒီလက်ရေးစာမူဟာ စာမျက်နှာ ၁၅ မျက်နှာပါပြီး သူမရဲ့ မထုတ်ဝေရသေးတဲ့ ကဗျာ(၁၀)ပုဒ်ကို စုစည်းထားပါတယ်။

အဲဒီကဗျာစာမူ စာအုပ်သေးသေးကလေးကို နယူယောက်ရဲ့ နိုင်ငံတကာ ရှေးဟောင်းစာအုပ်ပွဲတော်မှာ ခင်းကျင်း ရောင်းချပေးမှာ ဖြစ်ပြီး စာအုပ်ဈေးနှုန်းက ဒေါ်လာ၁.၂၅သန်းဖြစ်ပါတယ်။

ပြပွဲကို ကြာသပတေးနေ့က ဖွင့်လှစ်ပေးခဲ့ပြီး တနင်္ဂနွေအထိ ပြသရောင်းချပေးမှာဖြစ်ပါတယ်။

Source AFP