#WorldHealth
Published 19 April 2022

 

အသက်ရှူထုတ်လိုက်တဲ့ လေကိုအသုံးပြုပြီး SARS-CoV-2 ဗိုင်းရပ်စ်ကို စမ်းသပ်စစ်ဆေးတဲ့ ပထမဦးဆုံး ကိုဗစ်စမ်းသပ်ပစ္စည်းကို FDA ကအရေးပေါ်အသုံးပြုခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

InspectIR ကိုဗစ်စမ်းသပ်ပစ္စည်းဟာ အချိန် ၃ မိနစ်တည်းဖြင့် အဖြေသိရှိနိုင်မှာဖြစ်ပါတယ်။
အခုလိုအသိအမှတ်ပြုလိုက်ခြင်းက ကိုဗစ်ရောဂါရှာဖွေရေးမှာ နောက်ထပ်တီထွင်ဖန်တီးမှုတစ်ခုဖြစ်ကြောင်း FDA စက်ပစ္စည်းနှင့်ဓာတ်ရောင်ခြည်ဌာနမှ ညွှန်ကြားရေးမှူး'ဂျက်ဖ်ရှုရန်'က ပြောကြားလိုက်ပါတယ်။

 

ဒီစမ်းသပ်ပစ္စည်းကို အသိအမှတ်ပြုဖို့ စမ်းသပ်စစ်ဆေးရာမှာ ကိုဗစ်ရောဂါလက္ခဏာရှိသူတွေရော မရှိသူတွေပါ ပါဝင်တဲ့အယောက် ၂,၄၀၀ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 

အဆိုပါစမ်းသပ်မှုမှာ ရောဂါသိရှိမှုနှုန်း ၉၁.၂ ရာခိုင်နှုန်း၊ တိကျမှုနှုန်း ၉၉.၃ ရာခိုင်နှုန်း၊ ရောဂါပိုးမရှိကြောင်းခန့်မှန်းတိကျမှုနှုန်း ၉၉.၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

 

ထို့နောက် အိုမီခရွန်မျိုးဗီဇကွဲကို အဓိကထားပြီး နောက်ထပ်စမ်းသပ်မှုပြုလုပ်ခဲ့ကြပါတယ်။
InspectIR ကိုဗစ်စမ်းသပ်ပစ္စည်းမှာ ဓာတ်ငွေ့ခွဲခြားခြင်းနည်းပညာကိုအသုံးပြုထားပြီး SARS-CoV-2 ပါဝင်တဲ့ အငွေ့ပျံအော်ဂဲနစ်ဒြပ်ပေါင်းတွေကို ရှာဖွေပေးနိုင်တာဖြစ်ပါတယ်။

 

ဒီစမ်းသပ်ပစ္စည်းကို ကုသဖို့အခြေခံကျတဲ့နည်းလမ်းအဖြစ် မယူဆသင့်ဘဲ မော်လီကျူးစမ်းသပ်နည်းဖြင့် ရောဂါပိုးတွေ့ရှိဖို့အတည်ပြုသင့်ကြောင်း၊ ရောဂါပိုးမတွေ့ရှိကြောင်းကိုတော့ လတ်တလောထိတွေ့ဆက်ဆံမှု၊ ကိုဗစ်ရောဂါဖြစ်ပွားခဲ့မှုသမိုင်းကြောင်းနဲ့ ရောဂါလက္ခဏာတွေရှိ/မရှိကိုကြည့်ပြီး ဆုံးဖြတ်သင့်ကြောင်း FDA က ဖော်ပြထားပါတယ်။

 

ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ တစ်ပတ်ကို ပစ္စည်း ၁၀၀ ခန့်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ပစ္စည်းတစ်ခုဟာ တစ်နေ့ကို အသက်ရှူထုတ်စစ်ဆေးခြင်းအကြိမ်ပေါင်း ၁၆၀ ခန့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 

စမ်းသပ်စစ်ဆေးရမည့်အရေအတွက်က တစ်လကို ၆၄,၀၀၀ လောက် ပိုမိုများပြားလာနိုင်ကြောင်း ခန့်မှန်းထားရပါတယ်။

 

Source: Healio.
#Yangon_Media_Group