Published 16 April 2022

ကမ္ဘာ့အကြီးဆုံးပတ္တမြားအရိုင်းတုံးကြီးတွေထဲမှာ တစ်တုံးကို  ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ဒူဘိုင်းမှာ လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

၈၄၀၀ ကာရက်ရှိတဲ့ ပတ္တမြားကျောက်ရိုင်းတုံးကြီးကို ဘာ့ချ်အယ်ဟာမားလို့ ချစ်စနိုးအမည်ပေးထားပြီး အလေးချိန်အားဖြင့် ခြောက်ပေါင်ကျော်(၂.၈ကီလိုဂရမ်) ရှိပါတယ်။

အဲဒီပတ္တမြားရိုင်းကြီးကို တန်ဇန်းနီးယားကနေ တူးဖော်ခဲ့တာဖြစ်ပြီး SJ Gold and Diamond's Callisto collection အဖြစ် သောကြာနေ့က ဒူဘိုင်းဟိုတယ်တစ်ခုမှာ ပြသထားပါတယ်။

စိမ်းဖန့်ဖန်းနှင့်ခရမ်းရင့်ရောင်သန်းနေတဲ့ အဲဒီပတ္တမြားရိုင်းတုံးဟာ ဒေါ်လာသန်း၁၂၀အထိ ရနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီပတ္တမြားကြီးကို လေလံမပစ်ခင် ဒူဘိုင်းမှာ လာမယ့်ရက်(၃၀)အတွင်း‌ အခြားနေရာတွေမှာလည်း ခင်းကျင်းပြသဦးမှာ ဖြစ်ပါတယ်။  

Source: AFP