Published 16 April 2022

ဆော်ဒီရဲ့ အထင်ကရ ရုပ်မြင်သံကြားကွန်ယက်တစ်ခုက ထုတ်လွှင့်တဲ့ sketch ဆိုတဲ့ အစီအစဉ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အတုပြုလုပ်ပြီး ပျက်လုံးထုတ်ခဲ့ရာ လူသန်းပေါင်းများစွာကြည့်ရှုခဲ့ကြပါတယ်။ ဒီလို ရှားရှားပါပါး လုပ်ရပ်က  ဆော်ဒီအာရေဗျနှင့် အမေရိကန်နိုင်ငံ တို့အကြား တဖြည်းဖြည်းဆိုးရွားလာနေတဲ့ ဆက်ဆံရေးကို ပြသနေတာဖြစ်ပါတယ်။

Sketch အစီအစဉ်ကို အကြီးမားဆုံး ပန်-အာရပ်ဖျော်ဖြေရေး ကွန်ယက်ကြီးက အမ်ဘီစီက ဒီတစ်ပတ်ထဲ ပြသခဲ့တာဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ လူရွှင်တော် ကာလက်အယ်လ်ဖာရာ့ဂျ်က သမ္မတ ဂျိုးဘိုင်ဒင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်သရုပ်ဆောင်တစ်ဦးက စကားအမှားတွေလိုက်ပြင်ပေးတဲ့ ဒုသမ္မတ ကမ်မလာဟာရစ်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ သူက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်လို့ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကို တင်းမာတဲ့ သတင်းစကား တစ်မိနစ်ခန့်ပြောကြားနေစဉ် အတွင်းမှာပဲ စကားပြောစင်မြင့်မှာ နှစ်ကြိမ်အိပ်ငိုက်သွားတဲ့ ပျက်လုံးကို ထုတ်ခဲ့တာဖြစ်ပါတယ်။

Source MBC/AFP