Published 15 April 2022

အမေရိကန်နှင့်နေတိုးတို့က ယူကရိန်းနိုင်ငံဆီ အရေးအကြိးဆုံးလက်နက်စနစ်တွေပေးပို့နေတာဟာ ပဋိပက္ခကို လောင်စာ ထပ်သွင်းတာဖြစ်ပြီး မျှော်မှန်းလို့မရတဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို တရားဝင်သံတမန်စာတစ်စောင် ဒီတစ်ပတ်ထဲမှာ ပေးပို့လိုက်ပါတယ်။

၁၅၅ မမ ဟောင်ဝစ်ဇာအပါအဝင် ရုရှားရဲ့ တာဝေးပစ်အမြောက်တွေ၊ ကန်းရိုးတန်းကာကွယ်ရေးဒရုန်းတွေနှင့် သံချပ်ကာကားတွေ၊ အပေါ့စားလေယာဉ်ဖျက်နှင့် တင်ကားဖျက်လက်နက်တွေ၊သန်းနှင့်ချီတဲ့ ခဲယမ်းမီးကျောက်တွေဒေါ်လာသန်း၈၀၀တန်ဖိုးရှိတဲ့လက်နက်တွေ ယူကရိန်းကိုပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုအပြီးမှာ ဝါရှင်တန်ပို့စ်က လက်ခံရရှိထားတဲ့ အဆိုပါသံတမန်စာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းရဲ့တာဝေးလေကြောင်းကာကွယ်ရေးစနစ်တွေကို ပေးပို့ဖို့လည်း စီစဉ်ခဲ့ပါတယ် လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ အပတ်ကပြောပါတယ်။ အဲဒီအထဲမှာ ဆလိုဗေးကီးယားက ပေးပို့မယ်ါ့ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထားတဲ့ S-300 လောင်ချာတွေလည်းပါဝင်ပါတယ်။ အဲဒီလောင်ချာတေံဟာ ယူကရန်းက လေ့ကျင့်ထားပြီးလက်နက်တွေဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလင်စကီးက သမ္မတ ဘိုင်ဒင်ကို အရေးပေါ် အသနားခံထားတာကြောင့်

လက်နက်တွေပထမအသုတ်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းကို ရောက်ရှိမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

စာမျက်နှာ(၂)မျက်နှာပါတဲ့ ရုရှားရဲ့ သံတမန်စာပါအကြောင်းအရာ နှင့်ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။  ယူကရိန်းထဲဝင်လာမယ့် လက်နက်ကားတန်းတွေကို တရားဝင်ပစ်မှတ်တွေလို့ ရုရှားက တံဆိပ်ကပ်ထားပြီးဖြစ်ပေမယ့် အဲဒါတွေကို အခုထက်ထိမတိုက်ခိုက်သေးတာ ပြင်ဆင်နေလို့ဖြစ်ကောင်းဖြစ်မယ်လို့ ရုရှား အရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။

“ ယူကရိန်းရဲ့ အဲဒီလက်နက်သိုလှောင်ရုံတွေကို သူတို့ ပစ်မှတ်ထားခဲ့တယ်။ အဲဒီနေရာတွေမှာ ပေးပို့ထားတာတွေထဲက အချို့ ရောက်နေကြပြီ” လို့ စီအိုင်အေမှာ ရုရှားကျွမ်းကျင်သုံးသပ်ရေးညွှန်ကြားရေးမှူးလုပ်ခဲ့သူ ဂျော့ ဘီဘီးက ပြောပါတယ်။သူဟာ ဒုတိယသမ္မတဟောင်း ဒစ်ချင်နေရဲ့ ရုရှားအကြံပေးလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

လက်နက်(ပစ်မှတ်)တွေကို ယူကရိန်းနယ်နမိတ်ကျော်ပြီး သူတို့လုပ်မှာလား ဆိုတာက မေးခွန်းပဲဖြစ်တယ်။  ယူကရိန်းရဲ့ အဖျားအနားမှာရှိနေကြတဲ့ နေတိုးနိုင်ငံတွေရောဖြစ်ကောင်းဖြစ်နိုင်သလား” လို့ သူကပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ကပေးပို့တဲ့လက်နက်တွေဟာ အဲဒီနိုင်ငံတွေနေက ပြောင်းရွှေ့ပေးလို့ဖြစ်ပါတယ်။

“ကိဗ်အစိုးရထံ ပေးပို့မည့် မြောက်များလှစွာသော လက်နက်များနှင့်စစ်ရေးကိရိယာများနှင့်ပတ်သက်၍ ရုရှား၏ စိုးရိမ်ပူပန်မှု” လို့ အဲဒီစာမှာ ခေါင်းစဉ်တပ်ထားတာဖြစ်ပါတယ်။ အဲဒီစာကို ရုရှားလိုရေးထားပြီး အင်္ဂလိပ်ဘာသာပြန်စာကိုပါ ပူးတွဲထားပါတယ်။ စာကို ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တာဖြစ်ပါတယ်။

ရုရှားသံရုံးဆီက စာအပေါ်မှတ်ချက်တောင်းတာ ပြန်မတုန့်ပြန်ပါဘူး။

“ အမေရိကန်ပြည်ထောင်စုနှင့်ယင်းရဲ့မဟာမိတ်တွေဟာ ဒေသဆိုင်ရာနှင့် နိုင်ငံတကာလုံခြုံရေးအတွက် မျှော်မှန်းလို့မရတဲ့ အကျိုးဆက်တွေညွှန်းဆိုပြနေတဲ့ ယူကရိန်းကို တာဝန်မဲ့စစ်လက်နက်တပ်ဆင်ရေးလုပ်နေတာတွေကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” လို့ အဆိုပါစာမှာဖော်ပြထားပါတယ်။

Source: Washington Post