#WorldHealth
Published 16 April 2022

 

ဇီကာဗိုင်းရပ်စ်က မျိုးဗီဇကွဲအသစ်အဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်ချေရှိနေပြီး ထပ်မံကူးစက်ပျံ့ပွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားပါတယ်။


ဇီကာဗိုင်းရပ်စ်ဟာ ၂၀၁၅ နဲ့ ၂၀၁၆ မှာ တစ်ကမ္ဘာလုံးအရေးပေါ်ဖြစ်ခဲ့တဲ့အထိ ကူးစက်ခဲ့ပြီး ကလေးငယ်ပေါင်းထောင်ပေါင်းများစွာ ဦးနှောက်ထိခိုက်ခဲ့ရပါတယ်။

 

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်ဖြစ်သူကူးစက်ခံခဲ့ရကာ ကလေးငယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

 

ဒီဗိုင်းရပ်စ်ဟာ ခြင်တွေကနေကူးစက်စေတာဖြစ်ပြီး အမေရိကနဲ့အာရှတို့မှာ အများဆုံးတွေ့ရပါတယ်။

 

ဇီကာဗိုင်းရပ်စ်ကူးစက်မှုအစကို ၁၉၄၇ ခုနှစ်က အာဖရိကမှာစတင်တွေ့ရှိခဲ့ပြီး အခုနောက်ဆုံးကူးစက်ပျံ့ပွားခဲ့တာကတော့ ဘရာဇီးလ်မှာဖြစ်ပါတယ်။

 

လတ်တလောနှစ်တွေမှာ ကူးစက်မှုတွေသိသိသာသာကျဆင်းလာခဲ့ပေမယ့် နောက်ဆက်တွဲပြဿနာတွေတော့ ရှိနေသေးကြောင်း WHO ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

 

ဒါ့အပြင် ဗိုင်းရပ်စ်က သန္ဓေပြောင်းလဲလာနိုင်ပြီး မျိုးဗီဇကွဲအသစ်တွေထွက်ပေါ်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။

 

ဒီအခြေအနေကို တစ်ကမ္ဘာလုံးအနေနဲ့ သတိထားစောင့်ကြည့်ဖို့ အမေရိကန်မှသိပ္ပံပညာရှင်များက တိုက်တွန်းထားပါတယ်။

 

မျိုးဗီဇကွဲတွေထွက်ပေါ်လာပါက ကူးစက်ပျံ့ပွားလာနိုင်ပြီး အရင်ကူးစက်မှုတွေကနေ ခုခံအားရရှိထားတဲ့နိုင်ငံတွေမှာပါ ပျံ့ပွားလာနိုင်ကြောင်း Cell Reports ဂျာနယ်မှာသတိပေးဖော်ပြထားပါတယ်။

 

လာယော်လာတက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က ဖော်ပြချက်အရ ခြင်တွေဆီကဗိုင်းရပ်စ်တွေက ကြွက်တွေထံသို့ရောက်ရှိကာ မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်လာစေတာဖြစ်ပါတယ်။

 

ဇီကာဗိုင်းရပ်စ်ဟာ နေ့ဘက်နဲ့ညဘက်တွေမှာကိုက်လေ့ရှိတဲ့ အေးဒီးစ်ခြင်တွေက ကူးစက်လေ့ရှိပါတယ်။

 

ဇီကာဗိုင်းရပ်စ်က ရောဂါအပျော့စားသာဖြစ်တတ်ပြီး လူ ၅ ဦးမှာ ၁ ဦးသာ ရောဂါလက္ခဏာသိသာထင်ရှားတတ်ပါတယ်။

 

အန္တရာယ်ရှိတဲ့အချက်ကတော့ ကိုယ်ခံအားနည်းတဲ့သူတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း သန္ဓေသားထဲကို ရောက်ရှိသွားတတ်ပါတယ်။

 

မွေးလာတဲ့ကလေးငယ်တွေမှာ ဦးခေါင်းသေးလက္ခဏာများ ဖြစ်ပေါ်လာတတ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုချို့တဲ့ခြင်း ဖြစ်ပေါ်တတ်ပါတယ်။

 

ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်လို့ရပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင် နေဖို့ပဲဖြစ်ပါတယ်။

 

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လက္ခဏာတွေကတော့ ယားနာနီရဲခြင်း၊ အဆစ်အမြစ်နာခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောကိုက်ခဲခြင်းတို့ ဖြစ်ပါတယ်။

 

Source: The US Sun
#Yangon_Media_Group