Published 6 April 2022

ရုရှားနှင့်တရုတ်နယ်စပ်ကိုဖြတ်သန်းစီးဆင်းနေတဲ့ ဝူဆူလီမြစ်ရဲ့ ဟူလင်အပိုင်းမှာ မြစ်ရေတွေဟာ ဧပြီ၄ရက်နေ့က  စတင်အေးခဲလာနေပါတယ်။

အေးခဲနေသောရေခဲမြစ်ရေဟာ မြစ်အောက်ပိုင်းကို ဖြည်းဖြည်းညင်သာစီးဆင်းနေတာဟာ ရှုမဆုံးတဲ့ မြင်ကွင်းတစ်ခုဖြစ်လာနေပါတယ်။ အချို့ရေခဲတုံးကလေးတွေဟာ မြစ်ကမ်းနဖူးနှင့် ဆောင့်မိသွားတတ်တာလည်း တွေ့ရပါတယ်။

ဒီနှစ်မှာ ဝူဆူလီမြစ်ရေစတင်အေးခဲတာဟာ ခါတိုင်းနှစ်တွေထက် သုံးရက်နေ ခုနှစ်ရက်အထိပိုစောတာကိုတွေ့ရပါတယ်။  အဲဒါကြောင့် ခရီးသွားတွေ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေဟာ မြစ်တလျောက်လှည့်လည်ပေးနေကြပါတယ်။

Source CMG