#WorldHealth
Published 06 April 2022

 

တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ CanSino Biologics မှထုတ်လုပ်တဲ့ mRNA အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ထိုးနှံမှုပြုလုပ်ရန် တရုတ်နိုင်ငံဆေးဝါးအာဏာပိုင်များက တနင်္လာနေ့မှာ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေလိုမဟုတ်ဘဲ ဖိုင်ဇာ-ဘိုင်အိုတက်ခ်တို့လို နိုင်ငံခြားဖြစ် mRNA ကိုဗစ်ကာကွယ်ဆေးတွေကို အသိအမှတ်မပြုထားပါဘူး။

 

တရုတ်နိုင်ငံရှိ လူဦးရေ ၁.၄ ဘီလီယံရဲ့ ၈၈ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ကျမှ ပြည်တွင်းထုတ် mRNA ကာကွယ်ဆေးတွေကို နောက်ကနေလိုက်ပြီး ထုတ်လုပ်လျက်ရှိကာ ထိုထဲမှ ကာကွယ်ဆေးတစ်ခုဆိုရင် တတိတယအဆင့်လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

 

CanSinoBIO ရဲ့ကာကွယ်ဆေးဟာ လက်တွေ့စမ်းသပ်မှုတွေမလုပ်ခင် လေ့လာစမ်းသပ်ချက်များအရ အိုမီခရွန်အပါအဝင် ကိုဗစ်မျိုးဗီဇကွဲအများအပြားကို ချေဖျက်နိုင်တဲ့ပဋိပစ္စည်း(antibody) အမြောက်အများထွက်ရှိစေနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

CSPC ဆေးဝါးကုမ္ပဏီကထုတ်တဲ့ mRNA ကိုဗစ်ကာကွယ်ဆေး SYS6006 ကိုလည်း လက်တွေ့စမ်းသပ်မှုများပြုလုပ်ဖို့ တရုတ်အမျိုးသားဆေးဝါးကွပ်ကဲရေးအဖွဲ့က အသိအမှတ်ပြုခဲ့ပြီဖြစ်ပါတယ်။

 

Source: Reuters.
#Yangon_Media_Group