Published 8 March 2022

သီရိလင်္ကာရဲ့ အထွတ်အမြတ် အထားဆုံး ဆင်ကြီးဟာ မတ်လ(၇)ရက်နေ့ အသက်၆၈နှစ်အရွယ်မှာ သေဆုံးသွားရှာပါတယ်။ အဲဒီဆင်ကြီးကွယ်လွန်သွားတဲ့အတွက် နိုင်ငံမှာ ပူဆွေးသောကတွေဖြစ်ကြပြီး သမ္မတက ဆင်ကြီးရဲ့ ရုပ်အလောင်းကို ရုပ်လုံးသွင်းပြီး နောက်လာနောက်သားတွေအတွက် ပြသရန်ထားရှိဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နဒွန်ဂါမူဝါ ရာဂျာလို့ အမည်ပေးထားတဲ့ အဲဒီဆင်ကြီးဟာ ဗုဒ္ဓရဲ့ မြတ်စွယ်တော်ပူဇော်ထားရှိတဲ့ရွှေကြုတ်ကို သူ့တို့ရဲ့ကျောကုန်းပေါ် တင်ပြီး တစ်နှစ်တစ်ကြိမ် ပင့်ဆောင်လှည့်လည်အပူဇော်ခံရမှာ အသုံးပြုတဲ့ ဆင်၁၀၀ထဲမှာ အရေးအပါဆုံး ဆင်ကြီးဖြစ်ပါတယ်။

တနင်္လာနေ့မှာ ကျောင်းသူကျောင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊အဖွားအိုတွေဟာ ဆင်ကြီးရာဂျာကို လာရောက်ပြီး အလေးအမြတ်ပြုကြပါတယ်။ ဆင်ကြီးရဲ့ ကြီးမားတဲ့ အစွယ်တွေကို ထိတွေ့ပြီး ဆုတောင်းပေးကြပါတယ်။

Source AFP