#WorldHealth
Published- 07 March 2022


SARS-CoV-2 ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာပြီး အဆုတ်ဆဲလ်တွေထဲရောက်တဲ့အခါ အပေါ်ယံအလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်တာကြောင့် ခန္ဓာကိုယ်ထဲက ပဋိပစ္စည်း(antibody)တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မခံရတော့ပါဘူး။

အခုအခါသုတေသီတွေ စမ်းသပ်နေတဲ့ကိုဗစ်ကာကွယ်ဆေးက ထိုဗိုင်းရပ်စ်တွေမှာဖုံးအုပ်ထားတဲ့အလွှာကို ဖယ်ရှားလိုက်ကာ ခန္ဓာကိုယ်မှရောဂါခုခံအားစနစ် အလုပ်လုပ်နိုင်အောင် လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။

ထိုကာကွယ်ဆေးကိုထုတ်လုပ်ရာမှာ သုတေသီတွေက အင်ဇိုင်းတစ်မျိုးကိုအသုံးပြုကာ အပေါ်ယံအလွှာမပါတဲ့ ကိုရိုနာဗိုင်းရပ်စ်စပိုက်ခ်ပရိုတိန်းကို ဖန်တီးခဲ့ကြတယ်လို့ ကယ်လီဖိုးနီးယားရှိ စခရစ်သုတေသနတက္ကသိုလ်မှ 'ချီဟွေဝေါင်'က ပြောကြားခဲ့ပါတယ်။

အခြားကာကွယ်ဆေးအမျိုးအစားတွေနဲ့မတူတာက ဒီကာကွယ်ဆေးက အပေါ်ယံအလွှာမဖုံးအုပ်ထားတဲ့စပိုက်ခ်ပရိုတိန်းတစ်ခုလုံးကို ခန္ဓာကိုယ်သိရှိမှတ်မိအောင်ပြုလုပ်စေပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ပိုပြီးထိရောက်စွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဆိုပါအပေါ်ယံအလွှာက မျိုးဗီဇကွဲအားလုံးမှာရှိနေတဲ့ စပိုက်ခ်ပရိုတိန်းအစိတ်အပိုင်းအဖြစ် ဟန်ဆောင်တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။

ကြွက်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါ ကာကွယ်ဆေးမှာပါဝင်တဲ့ အပေါ်ယံလွှာမဖုံးအုပ်ထားတဲ့ စပိုက်ခ်ပရိုတိန်းကြောင့် ခန္ဓာကိုယ်ရောဂါခုခံအားပိုမိုကောင်းမွန်စေပြီး အခြားကာကွယ်ဆေးအမျိုးအစားတွေထက် မျိုးဗီဇကွဲအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း Science Translational Medicine မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။

စပိုက်ခ်ပရိုတိန်းမှ ဂလိုင်ကန်အလွှာကိုဖယ်ရှားလိုက်ခြင်းဖြင့် ဆင့်ကဲပြောင်းလဲခြင်းမရှိတဲ့ပရိုတိန်းအစိတ်အပိုင်းကို ထင်ပေါ်စေတာကြောင့် SARS-CoV-2 ဗိုင်းရပ်ကွဲအမျိုးမျိုးကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးရရှိလာမှာဖြစ်ကြောင်း သုတေသီများက ထုတ်ဖော်ပြောကြားလိုက်ပါတယ်
#Yangon_Media_Group