Published 3 March 2022

ယူကရိန်းနှင့်ရုရှားက ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ ကိုယ်စားလှယ်နှစ်ဖွဲ့ဟာ ဒီကနေ့ မတ်(၃)ရက်နေ့က ဘီလာရုစ်နိုင်ငံမှာ ဒုတိယအကျော့ အဖြစ်ထပ်မံတွေ့ဆုံဆွေးနွေးနေကြပါတယ်။

ယူကရိန်းပါလီမန်ရဲ့ ပြည်သူ့အစေခံပါတီခေါင်းဆောင် ဒေးဗစ် အရက်ခါမီယားက ဆွေးနွေးပွဲမကြာမီစတင်မယ့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အရက်ခါမီးယားဟာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာပြီး ရုရှားနှင့် စေ့စပ်ညှိနှိုင်းရာမှာ ကိဗစ်အနေနှင့် ရရှိလိုတဲ့အချက်တွေကို အသေးစိတ်ကို သူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရာရာဟာ အခြေအနေပေါ်မူတည်နေတဲ့အလျောက် ယူကရိန်းရဲ့ အနိမ့်ဆုံးလိုလားချက်ဟာ  လူသားချင်းစာနာထောက်ထားချင်းဆိုင်ရာ စင်္ကြံတွေပဲဖြစ်တယ်လို့ သူကပြောပါတယ်။

ပိုလန်နှင့်ဘီလာရုစ်နယ်စပ်အနီးက ဘီလိုဗက်ကာရာ ပွတ်ရှ်ချာမှာပြုလုပ်မယ့်ဆွေးနွေးပွဲအတွင်း နှစ်ဘက်ဟာ အပစ်အခတ်ရပ်စဲရေးတစ်ခုကို ဆွေးနွေးမယ်လို့ မော်စကိုရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးချုပ်ဗလက်ဒီမာမီဒင်စကီက ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။

ယူကရိန်းနှင့်ရုရှားနှစ်ဖွဲ့ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ ဘီလာရုစ်နိုင်ငံက ဂိုမယ်ဒေသမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ဇီလင်စကီးက ပထမဆုံးဆွေးနွေးပွဲအပေါ် ကျေနပ်အားရမှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တိုရချင်တဲ့ရလာဒ်တွေ အခုထက်ထိမထွက်သေးပါဘူး” လို့ သူကပြောပါတယ်။

Source:Agencies/RT