Published 1 March 2022

ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ကိဗ်မျှော်စင်ကြီးကို ရုရှားတပ်တွေတိုက်ခိုက်တဲ့အတွက် အဲဒီမှာ ပေါက်ကွဲမှုကြီး အနည်းဆုံးနှစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို  ဆိုရှယ်မီဒီယာမှာတင်တဲ့ ဗွီဒီယိုတွေမှာတွေ့ရပါတယ်။ အဲဒါကြောင့် ရုပ်မြင်သံကြားလိုင်းတော်တော်များများ ထုတ်လွှင့်မှုတွေရပ်ဆိုင်းသွားရပါတယ်။

ယူကရိန်းရဲ့အရေပေါ်ဌာနက အဲဒီပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး (၅)ဦးခန့်ဒဏ်ရာရခဲ့တယ်လို့‌ ပြောပါတယ်။ဒါပေမယ့် အဲဒီအထဲမှာ ရုပ်သံဝန်ထမ်းတစ်ဦးတစ်ယောက်မျှ မပါဝင်ဘူးလို့ ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီကိဗ်မျှော်စင်ကြီးဟာ ရုပ်မြင်သံကြားထုတ်လွှင့်ဖို့လုပ်ထားပြီး အများပြည်သူတွေကိုဖွင့်လှစ်ပြသခြင်းမရှိပါဘူး။ ကိဗ်မျှော်စင်ဟာ ကမ္ဘာပေါ်မှာ သတ္တုနှင့်တည်ဆောက်ထားပြီး သီးခြားရပ်တည်နေတဲ့ မျှော်စင်တွေထဲမှာ  အမြင့်ဆုံးဖြစ်ပါတယ်။ မျှော်စင်ကို သံမဏိပိုက်တွေနှင့် အဓိကထားတည်ဆောက်ထားပါတယ်။ခြေလေးချောင်းထေက် အပေါ်မှာမျှော်စင်တည်ဆောက်ထားတာဖြစ်ပြီး အမြင့်၁၂၆၃ ပေရှိတယ်လို့သိရပါတယ်။

Video ကြည့်ရန်>>

https://t.me/yangonmediagroup/5596

Source: Agencies