Published 25 February 2022

အိမ်နီးချင်းဥရောပနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံသားတွေ ထွက်ပြေးဖို့ ပိုသင့်တော်တဲ့နေရာတွေဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ယူကရိန်းက ဒုက္ခသည်တွေကို လက်ခံဖို့ပြင်ဆင်နေတယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး ဂျင်းနစ်ဆာကီက ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းအများစုကတော့ ဥရောပမှာပဲ အခြေချချင်ကြမှာြဖစ်တယ်လို့ သူမက စောဒကတက်လိုက်ပါတယ်။

ဖေဖော်ဝါရီ၂၄ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ “ အမေရိကန်အနေနှင့် ယူကရိန်းဒုက္ခသည်တွေကို လက်ခံမှာလား” ဆိုတဲ့ မေးခွန်းကို ဆာကီက တုန့်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ ဒါပေမယ့် အများစုကတော့ အိမ်နီးချင်းဥရောပနိုင်ငံတွေကိုပဲသွာချင်ကြမယ်လို့ ကျွန်မတို့ အသေအချာမျှော်လင့်ထားပါတယ်” လို့ သူမကပြောပါတယ်။

ဘိုင်ဒင်ရဲ့အစိုးရအနေနှင့် သူတို့ရဲ့လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ၊ ဒုက္ခသည်တွေအတွက် သူတို့လက်ခံနိုင်မယ့်နေရာက  ဘယ်မှာလဲဆိုတာတွေနှင့်ပတ်သက်ပြီး ဥရောပနိုင်ငံတွေနှင့်အလုပ်လုပ်နေတယ်လို့လည်း သူမကဆက်ပြောပါတယ်။

ဥပမာပြရရင် ပိုလန်နိုင်ငံဆိုရင် လွန်ခဲ့သော ၂၄နာရီကတည်းက ယူကရိန်းတွေ အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာနေတဲ့ အတွေ့အကြုံတွေရှိနေပြီ လို့လည်းသူမက ရည်ညွှန်းပြောဆိုပါတယ်။

ဒုက္ခသည်တွေကို အမေရိကန်ကိုယ်တိုင်က လက်ခံဖို့ ပြင်ဆင်နေပြီလားလို့ ထပ်မေးတဲ့အခါ “ သမ္မတအနေနှင့် ဒါအတွက် အသေအချာပြင်ဆင်မှာပါ”လို့ သူမကဖြေပါတယ်။  အိမ်နီးချင်းဥရောပနိုင်ငံတော်တော်များများဟာ ဒုက္ခသည်တွေအတွက်ဖွင့်ပေးမယ်လို့ပြောဆိုထားပါတယ်။ ယူကရိန်းနိုင်ငံသားတော်တော်များများကတော့ ဥရောပနိုင်ငံတွေကိုပဲသွာချင်ကြမှာပါ လို့သူမကပြောပါတယ်။

ရုရှားသမ္မတပူတင်က လူဟန့်နှင့်ဒွန်ညက်တို့ကို ကာကွယ်ဖို့ ဒွန်ဘတ်စ်ဒေသမှာ အထူးစစ်ဆင်ရေးလုပ်မယ်လို့ ကြေညာပြီးတဲ့နောက် ရုရှးဟာ ကြာသပတေးနေက ယူကရိန်းကို‌ လေကြောင်း တိုက်ခိုက်မှုတွေစတင်ခဲ့ပါတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံသားတော်တော်များများဟာ နိုင်ငံကထွက်ခွာနေကြတာကို ဗွီဒီယိုတွေမှာမြင်တွေ့ကြရပါတယ်။ အများစုကတော့ ပိုလန်နှင့် အိမ်နီးချင်ဥရောပနိုင်ငံတွေဘက် ဦးတည်သွားနေကြတာဖြစ်ပါတယ်။

 Source RT