Published 25 February 2022

လွန်ခဲ့တဲ့သုံးနှစ်ကျောက်က ရုပ်ရှင်မင်းသား၊ဟာသသရုပ်ဆောင်နှင့် ဖျော်ဖြေရေးကုမ္ပဏီအမှုဆောင်တစ်ဦးအဖြစ် လူသိထင်ရှားဖြစ်ခဲ့တဲ့ ဗိုလိုဒီမီယာ ဇီလင်စကီးဟာ အခုတော့ ယူကရိန်းသမ္မတအဖြစ်နှင့် ရုရှားနှင့်စစ်ဖြစ်ပွားနေတဲ့ နိုင်ငံကို ဦးဆောင်သူဖြစ်နေရပြီလို့ NPR သတင်းဌာနကသတင်းရေးသားလိုက်ပါတယ်။

ရွေးကောက်ပွဲမဝင်ခင်က ဇီလင်စကီးဟာ နာမည်ကျော် Servant Of the People ပြည်သူတို့၏ အစေခံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်လိုက်အဖြစ် သရုပ်‌ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို သူကိုယ်တိုင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အသက်၃၀ကျော်အရွယ် အထက်တန်းကျောင်းက သမိုင်းဆရာကလေးတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ အတန်းထဲမှာ အစိုးရရဲ့ အကျင့်ပျက်ခြာစားမှုတွေကို လှောင်ပြောင်ဝေဖန်ပြောဆိုခဲ့တာကို အတန်းထဲက တပည့် တစ်ဦးက ဆိုရှယ်မီဒီယာ ပေါ်တင်လိုက်တဲ့အတွက် နေ့ချင်းညချင်းနာမည်ကြီးသွားပြီး အဲဒီကနေ သမ္မတအဖြစ် အရွေးခံရတဲ့  သရော်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

သူဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက KVN လို့ခေါ်တဲ့ ပြည်တွငး်က ဟာသသရုပ်ဆောင်ပြိုင်ပွဲအဖွဲထဲ ဝင်ရောက်ခဲ့ရင်း ရုပ်ရှင်နှင့်ရုပ်သံလောကထဲရောက်ရှိလာသူပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၅မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Servant Of the People ဇာတ်လမ်းတွဲမှာတော့ ယူကရိန်းသမ္မတအဖြစ် သရုပ်ဆောင်ရင်း နာမည်ကျော်လူကြိုက်များခဲ့တာပါ။

အဲဒီအောင်မြင်မှုကိုရယူရင်း ၂၀၁၈ခုနှစ်မှာ သူဟာ သူရဲ့ Kvartal 95 ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီကအဖွဲ့သားတွေနှင့်အတူတူ Servant Of the People အမည်နှင့်ပဲ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပါတယ်။အဲဒီကမှတစ်ဆင့် လူကြိုက်များမှုအပေါ်အခြေခံကာ သမ္မတရွေးကောက်ပွဲအဆင့်ဆင့်ဖြတ်ကျော်ရင်း ယူကရိန်းသမ္မတဖြစ်လာခဲ့ပါတယ်။

တကယ်တမ်းအပြင်မှာ သူသမ္မတဖြစ်ခဲ့ရတာကတော့ တကယ့်ကိုမမျှော်လင့်ဘဲ ဖြစ်ခဲ့ရတာပါလို့ နယူးယောက်ကာသတင်းစာရဲ့ မော်စကိုသတင်းထောက် ဂျိုရှားယာဖာက ပြောပါတယ်။

ဒွန်ဘတ်စ်မှာဖြစ်ခဲ့တဲ့စစ်ရဲ့ရလာဒ်အဖြစ် ၂၀၁၉ခုနှစ်အထိ ယူကရိန်းမှာဖြစ်ခဲ့တဲ အားလျော့စိတ်ပျက်မှုတွေရဲ့အပေါ် သူက အမြတ်ထုတ်နိုင်ခဲ့ပြီး သမ္မတဖြစ်လာခဲ့တာပါ။အဲဒီပြသနာတွေက အခုထက်ထိဖြေရှင်းလို့လည်းမရသေးပါဘူးလို့ ယာဖာက ပြောပါတယ်။

“အဲဒီအချိန် ယူကရိန်းပြည်သူတွေက အခြားအပြောင်းလဲတစ်ခုကို အငမ်းမရလိုချင်ကြတယ်။အဲဒီအချိန်မှာ ဇီလင်စကီးက နိုင်ငံရေးမြင်ကွင်းမှာ ပေါ်လာပြီး သူရဲ့ နည်းပါးတဲ့အတွေ့အကြုံက အကျိုးရှိသွားစေတာလို့ ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။

“ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုဟာ ဇီလင်စကီးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု အသေအချာပဲ။ဒါပေမယ့် သူအစကနဦဲးမှာ အရင်ဆုံးရင်ဆိုင်ရတာက ရုပ်သံဇာတ်လမ်းထဲက သမ္မတနှင့် အပြင်က တကယ့်သမ္မတမတူတဲ့ ခက်ခဲရှုပ်ထွေးမှုတွေကို ထိန်းကျောင်းဆောင်ရွက်ရတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်” လို့ ယာဖာကဆက်ပြောပါတယ်။

“အဲဒါကြောင့် သူ့ရဲ့သမ္မတအလုပ်ဟာ တကယ့်ကိုဖရိုဖရဲနှင့်အခက်အခဲတွေကြုံရတယ်။ဒါကို ဇီလင်စကီးနှင့် သူ့မိတ်ဆွေတွေက ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ လှည့်ဖျားမှုနှင့်ရှုပ်ထွေးမှုတွေအမျိုးမျိုးတွေနှင့် တကယ်တမ်းတော့ နိုင်ငံကိုအုပ်ချုပ်ရတာဖြစ်တယ်” လို့ယာဖာကပြောပါတယ်။

ယခုအချိန်မှာတော့ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဇီလင်စကီးဟာ   နိုင်ငံခြားသံရုံးတွေ ကိဗ်ကနေ ထွက်ပြေးနေတာ၊နိုင်ငံခြားသားကျွမ်းကျင်သူ တွေ၊ရင်းနှီးမြှပ်နှံသူတွေ ထွက်ပေးသွားကြတာကို စောင့်ကြည့်နေရတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်ဆိုရင်လည်း ရပ်သွားပြီ” လို့ သူကဆက်ပြောပါတယ်။

“ပူတင်၊အနောက်နိုင်ငံတွေနှင့် ယူကရိန်းနိုင်ငံတွင်းက ပြည်တွင်း ဂိုဏ်းဂဏတွေအကြား သူ့အနေနှင့် ဖြေရှင်းပေးဖို့ အတော်မဖြစ်နိုင်ဘူး။ဒီစစ်ပွဲကို ဇီလင်စကီးမရပ်နိုင်ရတဲ့ ကြီးမားတဲ့အကြောင်းရင်းတစ်ခုကတော့ ဗလက်ဒီမာပူတင်ပဲ ဖြစ်ပါတယ် “လို့သူကပြောလိုက်ပါတယ်။

Source NPR/Wiki