Published 24 February 2022

ယူကရိန်းက ရုရှားနှင့်သံတမန်အဆက်အသွယ်ဖြတ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုသို့သံတမန်ဆက်သွယ်မှု အားလုံးဖြတ်တောက်လိုက်ခြင်းအပေါ် အံအားတသင့်မဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ဒီရွေးချယ်မှုကိုလုပ်ခဲ့တာမဟုတ်ဘဲ ယူကရိန်းခေါင်းဆောင်မှုရဲ့ “ရုရှားကြောက်စိတ်မူဝါဒ”အပေါ်ယုတ္တိတန်တဲ့ ကောက်ချက်ချမှုလို့ ရုရှားက သဘောထားပါတယ်လို့ပြောပါတယ်။

၂၀၁၄ခုနှစ်မှာ ရွေးကောက်ခံသမ္မတ ဗစ်တာယန်နူကိုဗစ်ကို ဖြုတ်ချပြီးကတည်းက ယူကရိန်းမှာနေထိုင်တဲ့ ရုရှားတိုင်းရင်းသားတွေကို ယူကရိန်းဟာ ခွဲခြားဆက်ဆံမှုတွေနှင့်လုပ်ပြီး ရုရှားနှင့်ဆက်ဆံရေးကိုချပစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။

ကြာသပတေးနေ့မနက်မှာ မော်စကိုက စစ်ဆင်ရေးစတင်ပြုလုပ်ပြီးနောက် ယူကရိန်းသမ္မတက ရုရှားနှင့် သံတမန်အဆက်အသွယ်အားလုံးဖြတ်တောလိုက်တယ်လို့ ဒီမနက်မှာကြေညာခဲ့ပါတယ်။ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကတော့ ရည်မှန်းချက်ဟာ ယူကရိန်းကို စစ်မဲ့နယ်မြေနှင့် နာဇီလွှမ်းမိုးမှုချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းဟာ နောက်ဆုံးပေါ်လက်နက်တွေနှင့်အင်အားမြှင့်တင်ပေးပြီး နိုင်ငံအတွင်း နေတိုး တည်ရှိဖို့အရှိန်မြှင့် ကြိုးစားနေတယ်လလို့ ပူတင်ကစွပ်စွဲပြောဆိုလိုက်ပါတယ်။

စစ်ရေးတိုက်ခိုက်မှုဟာ  အနာဂတ်မှာ သွေးချောင်းစီးမယ့်အရေးကာကွယ်ဖို့ လိုအပ်လို့လုပ်ရတာဖြစ်တယ်လို့ ရုရှား ခေါင်းဆောင်ကပြောပါတယ်။

Source RT