Published 24 February 2022

ရုရှားစစ်တပ်ရဲ့ အကြောင်းမဲ့ တရားနည်းလမ်းမကျတိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချလိုက်ကြောင်း ယူကရိန်းမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပြီး ထုတ်ပြန်တဲ့ သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေကိုတုန့်ပြန်ဖို့ လွန်ခဲ့သော ရက်သတ္တပတ်များစွာကတည်းက ဆွေးနွေးထားခဲ့တဲ့ စံအပြည့်ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်နှင့်ယင်းရဲ့မဟာမိတ်တွေက လုပ်ဖို့စီစဉ်နေတယ်လို့ ဘိုင်ဒင်အစိုးရဲရဲ့ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

“ သမ္မတပူတင်ဟာ ကြိုတင်ကြံရွယ်ထားတဲ့ စစ်ပွဲတစ်ပွဲကို ရွေးချယ်ခဲ့တယ်။ အဲဒီစစ်ပွဲဟာ အသက်အန္တရာယ်ကပ်ဘေးကြီးနှင့် လူသားတွေထိခိုက်ခံစားရမှုတွေဖြစ်စေလိမ့်မယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှုတွေအတွက်  ရုရှားတစ်ခုတည်းက တာဝန်ရှိလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်တွေ၊မိတ်ဖက်တွေဟာ သွေးစည်းညီညွတ်ပြီး ခိုင်မာပြတ်သားတဲ့နည်းလမ်းနှင့်တုန့်ပြန်လိမ့်မယ်။ ကမ္ဘာကြီးက ရုရှားကို တာဝန်ခံခိုင်းလိမ့်မယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။

မြို့တော်ကိဗစ်အပါအဝင် ယူကရိန်းတစ်လျောက်ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် အိမ်ဖြူတော်ရဲ့ယခုသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

“ရုရှားဟာ ကိဗ်မြို့တော်ကို ဒုံးကျည်နှင့်တိုက်ခိုက်ပြီး ကျူးကျော်မှုကိုစတင်လိုက်ပြီ” လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ အန်တွန် ဂါရက်ချင်ကိုက သူနှင့်သတင်းထောက်တွေပါဝင်တဲ့ တရားဝင် WhatsApp အုပ်စုထဲမှာပြောထားပါတယ်။

Source CNN