Published 22 February 2022

ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပြီး အဲဒီနေရာတွေကို ရုရှားတပ်တွေ စေလွှတ်ဖို့ ဖေဖော်ဝါရီ(၂၁)ရက်က အမိန့်ပေးလိုက်ပါတယ်။

အဲဒီအတွက် စစ်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ အနောက်နိုင်ငံတွေက ကြောက်ရွံ့နေကြတဲ့ အကျပ်အတည်းကို ပိုပြီးအရှိန်မြင့်သလိုဖြစ်သွားစေပါတယ်။

အဲဒီဒေသနှစ်ခုရဲ့လွတ်လပ်ရေးကိုအသိအမှတ်ပြုကြောင်း အမိန့်ထုတ်ပြန်ပြီးတာနှင့် ပူတင်က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို အဲဒီဒေသတွေငြိမ်းချမ်းရေးတည်တံ့စေဖိုဆိုပြီး တပ်တွေစေလွှတ်ဖို့ပြောခဲ့ပါတယ်။

ဒိုနက်စ်ရဲ့မြို့တစ်လျောက် ကြီးမားတဲ့စစ်ယန္တယားတွေ ပုံမှန်မဟုတ် ဦးတည်ရွေ့လျားနေတာကို ရိုက်တာရဲ့မျက်မြင်သက်သေတစ်ဦးက မြင်တွေ့ပါတယ်။

ရုရှားက လွတ်လပ်သော အဖွဲ့အစည်းနှစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တဲ့ ဒေသတွေဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ သမ္မတနိုင်ငံတွေအဖြစ်ကြေညာထားတဲ့ ဒိုညက်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ ခွဲထွက်ရေး ဒေသနှစ်ခုပဲဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ညတွင်းချင်းခေါ်ထားပါတယ်။

Source Reuters