Published 18 Feb 2022

သောကြာနေ့ကတိုက်ခတ်တဲ့ ယူနိစ်မုန်တိုင်းကုန်းတွင်းဝင်ရောက်လာမှုကြောင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ  အသက်အန္တရာယ်စိုးရိမ်ရတဲ့အဆင့် ရာသီဥတုသတိပေးချက်ကို မိုးလေဝသဌာနကထုတ်ပြန်ခဲ့ပါတယ်။

တစ်နာရီလျှင် မိုင်(၉၀)နှုန်းနှင့် ညဖက်မှာတိုက်ခိုက်တဲ့ ယူနိစ်မုန်တိုင်းကြောင့် အင်္ဂလန်အနောက်တောင်ပိုင်း ကွန်ဝေါမြို့က အိမ်ရာပေါင်းများစွာဟာ လျှပ်စစ်မီးတွေပြတ်တောက်ကုန်ပါတယ် ။

ဒီမုန်တိုင်းဟာ ဆယ်စုနှစ်(၃)စုနှစ်အတွင်း ဗြိတိန်ရဲ့ အဆိုးရွားဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဘီဘီစီမိုးလေဝသက ပြောပါတယ်။

Source AFP