Published 12 Feb 2022

ပီရူးနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က ဘတ်စ်ကားတစ်စီး လမ်းပေါ်ကနေ ချောက်ထဲကိုတိမ်းမှောက်ခဲ့တဲ့အတွက် လေးနှစ်သမီးကလေးတစ်ဦးအပါအဝင် လူအနည်းဆုံး၂၀ဦးသေဆုံးခဲ့ပြီး လူ၃၀ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဘတ်စ်ကားဟာ နိုင်ငံမြောက်ပိုင်း လီဘာတက်ဒေသနယ်စွန်ဖျားမှာ ၃၂၈ပေအနက်ရှိတဲ့ ချောက်ထဲကို လိမ့်ဆင်းသွားတာဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်၊

ဒီဒေသဟာ ဝေးလံတဲ့အရပ်ဖြစ်လို့ သတင်းရယူဖို့ နာရီများစွာ အချိန်ယူခဲ့ရပါတယ်။

Source AFP