Published 23 January 2022

မျောက်အကောင်၁၀၀ခန့်ကို တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီး သောကြာနေ့က ပင်န်စီဗေးနီးယားနယ်မြေအနီး တိမ်းမှောက်တဲ့အတွက် မျောက်အချို့ဟာ အနီးပတ်ဝန်းကျင်နေရာတွေထဲ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

အဲဒီထရပ်ကားဟာ စွန့်ပစ်ထားတဲ့ ထရပ်တစ်စီးကို ဗင်န်စီဗေးနီးယားက ဒန်ဗီလီအနီး လမ်းကြောင်း၅၃လမ်းပေါ်မှာ ဝင်တိုက်မိ တာဖြစ်တယ်လို့ ဒေသဆိုင်ရာသတင်းစာ ဒေလီးအိုင်တမ်က ဖော်ပြပါတယ်။ အဲဒီထရပ်ကားဟာ မျောက်တွေကိုသယ်ဆောင်  ပြီး ဓာတ်ခွဲခန်းပို့ဆောင်ရင်း မတော်တဆမှုဖြစ်ခဲ့ရတာပါ။

ကားမှောက်ပြီးနောက် မျောက်လေးကောင်လွတ်ထွက်သွားပြီး ဘေးပတ်ဝန်းကျင်ကို ထွက်ပြေးသွားကြပါတယ်။ အဲဒါကြောင့် ပင်န်စီဗေးနီးယားရဲတွေနှင့် ဂိမ်းကော်မရှင်တေို့က ပျောက်ဆုံးနေတဲ့ မျောက်တွေကို ရဟတ်ယာဉ်သုံးပြီး ရှာဖွေခဲ့ကြတယ်လို့ ဒေသရုပ်သံWENP ကသတင်းပေးပို့ပါတယ်။

စနေနေ့မနက်အထိ ပျောက်ဆုံးနေတဲ့မျောက်တွေထဲက မျောက်သုံးကောင်ကိုရှာတွေ့ပြီး  စတုတ္ထမြောက် မျောက်က တော့ ဆက်လက်လွတ်မြောက်နေတုန်းပဲလို့ ပြည်နယ်ရဲတပ်ဖွဲ့ကအင်ဒရီယာပီလာချစ်ခ်နှင့် လောရင်းလက်ရှာတို့က တွစ်တာမှာ ပြောပါတယ်။

မျောက်တွေထဲက တစ်ကောင်ကို သစ်ပင်ပေါ်မှာတွေကြရတယ်။ အဲဒီနောက်သေနတ်သံသုံးချက်ကြားလိုက်ရတယ်လို့ WENP ကသတင်းထုတ်ပြန်ပါတယ်။ မျောက်လေးကောင်ရဲ့အခြေအနေကိုတော့ မသိကြရသေးပါဘူး။

“ မျောက်တွေကိုမြင်တဲ့သူတွေ မျောက်တွေဘယ်မှာရှိတယ်ဆိုတာသိတဲ့သူတွေအနေနှင့် မျောက်တွေနားမကပ်ဖို့၊ ကြိုးစားပြီး ဖမ်းဆီးတာမလုပ်ဖို့နှင့် ဆက်ဆံတာတွေမလုပ်မိဖို့ ရဲတပ်ဖွဲ့က တွစ်တာကနေသတိပေးထားပါတယ်။မျောက်တွေကိုတွေ့တဲ့ သူတွေအနေနှင့် ပြည်နယ်ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖို့ ပြောထားပါတယ်။

“ မျောက်တွေမှာ ဗိုင်းရပ်စ်မရှိဘူလို့ ဘယ်လိုမှအသေအချာမပြောနိုင်ဘူး။  အမေရိကန်ဓာတ်ခွဲခန်းတွေက မျောက်တွေဆီမှာ တီဘီရောဂါ၊ ချာဂတ်စ်ရောဂါ၊ကာလဝမ်းရောဂါနှင့် MRSA တွေဖြစ်နေတာတွေ့ခဲ့ရတဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်” လို့ တိရိစ္ဆာန်များကို ကျင့်ဝတ်နှင့်အညီဆက်ဆံရေးပြည်သူများအဖွဲ့PETAက သတင်းကြေညာချက်ထုတ်ပြန်ပါတယ်။

“ မျောက်အကောင်၁၀၀ကို လှောင်အိမ်သွင်းဖို့၊ညှင်းပန်းဖို့နှင့်သတ်ဖြတ်ပစ်ဖို့အတွက်  ဓာတ်ခွဲခန်းတစ်ခုစီ ဦးတည်မောင်းခဲ့ တယ်။သူတို့ဟာ အန္တရာယ်နှင့်ကြုံခဲ့ကြရတာ ။ အခုသူတို့တင်မက ပြည်သူတွေပါ အန္တရာယ်ကြုံနေပြီ” လို့ သူတို့က ဆက်ပြောပါတယ်။ ထွက်ပြေးသွားတဲ့ မျောက်လေးကောင်ဟာ ကြောက်ရွံ့နေမှာ သေချာတယ်။ပြီးတော့ ဒဏ်ရာတွေ ရထားကြလိမ့်မယ်။လူသားတွေကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေ သူတို့သယ်ဆောင်ထားကောင်း ထားကြလိမ့်မယ်” လို့ သူတို့ အဖွဲ့ကဆက်လက်ပြောဆိုပါတယ်။

ပင်န်စီဗေးနီးယားရဲတပ်ဖွဲ့က မှတ်ချက်ပေးဖို့တောင်းခံခဲ့တာကို အကြောင်းမပြန်ခဲ့ပါဘူး။

Source Insider