Published: 6 December 2021

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားက ဆီမာရူးမီးတောင်ပေါက်ကွဲခဲ့တဲ့အတွက် အေးခဲသွားတဲ့ချော်ရည်တွေနှင့် မီးခိုးပြာတွေဟာ ကျေးရွာပေါင်း၁၁ရွာကို ဖုံးလွှမ်းသွားပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အေးခဲသွားတဲ့ ချော်ရည်နှင့်ပြာတွေ ဖုံးလွှမ်းသွားတဲ့ရွာတွေမှာ အသက်ရှင်ကျန်ရစ်နိုင်မယ့် သူတွေကို အပူတပြင်းရှာဖွေနေကြပါတယ်။ ဆီမာရူးမီးတောင်ပေါက်ကွဲလို့ ယခုထက်ထိ သေဆုံးသူ အနည်းဆုံး ၁၄ဦးနှင့် ဒါဇင်များစွာ ဒဏ်ရာရရှိထားကြပါတယ်။အဲဒီကယ်ဆယ်ရေးမြင်ကွင်းတွေကို ရုပ်သံတင်ဆက်ထားပါတယ်။

Source AFP

#Indonesia_volcano

#Indo_East_Java_Volcano

#Mont_Semeru_Volcano_Indonesia