#World_News
Published 21 April 2024


▪️ အမေရိကန်မှ လူကြိုက်များတဲ့ မုန့်အချို့နဲ့ သကြားလုံးတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်နေတာကြောင့် ပြည်နယ်အများအပြားမှာ ပိတ်ပင်ခံရနိုင်ပါတယ်။

 

▪️ ထိုထဲမှာ Lucky Charms ၊ Froot Loops တို့လို အာဟာရကွေကာများ၊ Skittles၊  Nerds၊ M&M’s၊ Swedish Fish တို့လို သကြားလုံးချိုချဥ်များ၊ Flamin’ Hot Cheetos ၊ Doritos တို့လို မုန့်များ၊ Gatorade နဲ့ အခြားအားဖြည့်အချိုရည်များ ပါဝင်နေပါတယ်။

 

▪️ ထိုမုန့်တွေထဲက ဓာတုပစ္စည်းတွေကို ဥရောပနေရာအများစုမှာ ပိတ်ပင်ထားပြီးဖြစ်ပြီး အခုဆိုရင် အမေရိကန် ပြည်နယ်အများအပြားကလည်း ထိုကဲ့သို့ ပြုလုပ်ရန်ကြိုးပမ်းလာပါတယ်။

 

▪️ ပိုတက်ဆီယမ် ဘရိုမိတ်ဆိုရင် ပေါင်မုန့်သားတောင့်တင်းဖို့ အသုံးပြုကြပေမယ့် ကြွက်တွေမှာ ကင်ဆာဖြစ်နိုင်ပြီး လူသားတွေမှာ ကျောက်ကပ်ပြဿနာများ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

 

▪️ ထိုသို့ပိတ်ပင်မယ့် ဥပဒေကြမ်းကို ၂၀၂၇ မှာ စတင်အသက်သွင်းမှာ ဖြစ်ပေမယ့် ကယ်လီဖိုးနီးယားမှာသာ ဖြစ်ပါတယ်။

 

▪️ မတ်လ ၅ ရက်နေ့မှာ လွှတ်တော်အမတ်တွေက နယူးယော့ခ်ပြည်သူတွေကို အဆိပ်သင့်အစားအစာတွေမှ ကာကွယ်နိုင်စေရန် ဥပဒေကြမ်းနှစ်ခုကို ပြသခဲ့ပါတယ်။

 

▪️ အဆိုပြုမူကြမ်းထဲမှာ တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ်၊ BHA ၊ အေဇိုဒိုင်ကာဗွန်နမိုက်တို့ကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

 

▪️ အချို့သောအရောင်ဆိုးဆေးတွေဆိုရင် ကလေးတွေမှာ အပြုအမူ မမှန်ခြင်း၊ ကင်ဆာဖြစ်နိုင်ခြေများခြင်း၊ DNA နဲ့ အာရုံကြောစနစ်တို့ကို ထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

▪️ နိုဝင်ဘာလကဆိုရင် အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ ဘရိုမင်းပါဝင်သော ဟင်းရွက်ဆီကို တားမြစ်ရန် FDA က အဆိုပြုခဲ့ပါတယ်။

 

▪️ ဒီလိုတားမြစ်တာဟာ အစားအစာတွေကို လုံးဝပထုတ်တာမဟုတ်ဘဲ ပါဝင်ပစ္စည်းတွေကို ပြောင်းလဲစေချင်တဲ့ သဘောဖြစ်တယ်လို့ အစားအသောက်ဘေးကင်းရေး ညွှန်ကြားရေးမှူး ဘရိုင်ယန်ရွန်ဟုမ်းက ပြောပြသွားပါတယ်။

 

#Source: New York Post