၂၁ ဧပြီ ၂၀၂၄

လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ဂျပန်ရေတပ်ရဲ့ ရဟတ်ယာဉ်နှစ်စီး ပင်လယ်ထဲပျက်ကျခဲ့ရာ  ရဟတ်   ယာဉ်ပါ တပ်သား(၈) ဦးအနက် အနည်းဆုံး (၁)ဦးသေဆုံးသွားရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။

စနေနေ့ညက SH-60 ကင်းလှည့်ရဟတ်ယာဉ်နှစ်စီးဟာ ဂျပန်နိုင်ငံအလယ်ပိုင်းရှိ တောင်ပိုင်းကမ်းခြေ  အလွန် အီဇူးကျွန်းစု တိုရီရှီမာအနီးမှာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေ့ကျင့်ခန်းလုပ်ဆောင်နေစဉ် ပျက်  ကျခဲ့တာဖြစ်ပါတယ်။

ပျက်ကျရတဲ့အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ပျံသန်းမှုအသံမှတ်တမ်း flight recorderနှစ်ခုကို တစ်ခုနှစ့်တစ်ခု နီးနီးကပ်ကပ်နေရာမှာ ရှာတွေ့ပြီး ဒါဟာ ရဟတ်ယာဉ်နှစ်စီးတိုက်မိတာဖြစ်ဖို့များတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဂျပန်ပင်လယ်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ် (MSDF) နှင့် ကမ်းခြေစောင့်တပ်တွေက ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ပါ စစ်သား (၇)ဦးကိုရှာဖွေနေပါတယ်။

အခြားနိုင်ငံတစ်နိုင်ငံက ဒီပျက်ကျမှုမှာပါဝင်ပတ်သက်တယ်လို့ သူမယုံကြည်ဘူးလို့ MSDF အကြီးအကဲ ယိုရှီတာကာ ဆာကေးက ပြောပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ်အီမန်နျူယယ်က အမေရိကန်နိုင်ငံအနေနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီပေးပါမယ်လို့ ဆိုရှယ်မီဒီယာ အိစ်တ်စာမျက်နှာကနေ ကမ်းလှမ်းလိုက် ပါတယ်။

Source Reuters