#Developing_Stories

၁၄ ဧပြီ ၂၀၂၄

အီရန်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ဘာတန်ဖိုးမှထိခိုက်မှုမရှိဘူးလို့ အမေရိကန်သမ္မတ ဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖုန်းဆက်သွယ်ပြောဆိုလိုက်ပါတယ်။ အီရန်ကိုတိုက်ခိုက်ဖို့ အမေရိကန်တပ်တွေပါဝင်မှာမဟုတ်ဘူးလို့လည်း ဘိုင်ဒင်က အခိုင်အမာပြောလိုက်ပါတယ်။

တိုက်ခိုက်ခံရမှုတွေအတွင်း အစ္စရေးရဲ့ ကာကွယ်ရေးဟာ အောင်နိုင်ခဲ့တယ်လို့ ဘိုင်ဒင်ကပြောလိုက်ပြီး   ရာပေါင်းများစွာသော ဒုံးကျည်တွေနှင့်ဒရုန်းတွေ အားလုံးနီးပါးကို ဟန့်တားပေးနိုင်တဲ့စွမ်းရည်ဟာ အစ္စရေးစစ်တပ်ရဲ့ သာလွန်ကောင်းမွန်မှုကိုပြသနေတာဖြစ်တယ်လို့လည်း ဘိုင်ဒင်က နေတန်ယာဟုကို ပြောလိုက်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက စီအင်န်အင်န်သတင်းဌာနကိုပြောပါတယ်။

အမေရိကန်အနေနှင့် အီရန်အပေါ် စစ်ရေးအရထိုးစစ်ဆင်မှုတွေမှာ ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့လည်း ဘိုင်ဒင်က ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လို့ အဆိုပါ အဆင့်မြင့်အရာရှိက စီအင်န်အင်န်ကိုပြောပါတယ်။

အစ္စရေးနယ်စပ်အပြင်ဘက်မှာ ကျည်ဖူးအမြောက်အမြားကို အမေရိကန်စစ်တပ်ရဲ့အကူအညီနှင့် အစ္စရေး  ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချ နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။

စနေနေ့ည အီရန်ရဲ့တိုက်ခိုက်ခံရမှုအပြီးမှာ နေတာယာဟုနှင့်ဘိုင်ဒင်တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့ကြ တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက အတည်ပြုပါတယ်။

“ကျွန်တော့်ရဲ့ညွှန်ကြားချက်အရ အစ္စရေးရဲ့ကာကွယ်ရေးကို အထောက်အကူပြုဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေမှာ အမေရိကန်စစ်တပ်ဟာ လေယာဉ်တွေနှင့် တိုက်ချင်းပစ် ဒုံးကျည်ကာကွယ်ရေဖျက်သင်္ဘော တွေကို အစ္စရေးထံ ရွှေ့ပြောင်းပေးခဲ့တယ်” လို့ ဘိုင်ဒင်က နေတာယာဟုနှင့် ဖုန်းဆက်အပြီးသတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

“အဲဒီလိုတပ်ဖြန့်ချထားမှုတွေနှင့်ကျွန်တော်တို့စစ်သည်တွေရဲ့ သူမတူအောင်ထူးချွန်တဲ့အရည်အချင်းတွေ ကြောင့် ဝင်ချလာတဲ့ ဒရုန်းတွေနှင့် ဒုံးကျည်အကုန်နီးပါးကို အစ္စရေးကပစ်ချနိုင်အောင် ကျွန်တော်တို့ ကူညီပေးနိုင်ခဲ့ပါတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။

အနည်းငယ်မျှသော ဒုံးကျည်တွေသာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အစ္စရေးရဲ့ စစ်စခန်းတစ်ခုကို ထိမှန် ခဲ့ပါတယ်။ ဒါပေမယ့် ပျက်စီးမှုအနည်းအကျဉ်းပဲရှိပြီး ဘယ်သူမှထိခိုက်မှုမရှိပါဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အမေရိကန်ဟာ ဒရုန်းအစင်းရေ ၇၀ကျော်နှင့် တိုက်ချင်းပစ်ဒုံးကျည် အနည်းဆုံးတစ်စင်းကို အမေရိကန် တပ်တွေက ဟန့်တားနိုင်ခဲ့တယ်လို့ အမေရိကန် ဝါရင့်အရာရှိတစ်ဦးက စီအင်န်အင်န်ကိုပြောပါတယ်။

အဆိုပါဒုံးကျည်ကို အရှေ့မြေထဲပင်လယ်မှာရှိနေတဲ့ အမေရိကန်ရဲ့ ဒုံးကျည်ဖျက်သင်္ဘောနှစ်စီးကနေ ပစ်ချခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အမေရိကန်ရဲ့ တိုက်လေယာဉ်တွေကလည်း အစ္စရေးရဲ့  ကာကွယ်ရေးမှာ ဝင်ကူပေးခဲ့တယ်လို့ နောက်အရာရှိတစ်ဦးက ထပ်ပြောပါတယ်။

 အီရန်ရဲ့ တိုက်ခိုက်မှုအပေါ် ပြန်လည်ပြီး သံတမန်ရေးအရ ညီညီညွတ်ညွတ်တုန့်ပြန်နိုင်ဖို့ ဂျီဆဲဗင်း အုပ်စု ခေါင်းဆောင်တွေနှင့် တွေ့မယ်လို့ ဘိုင်ဒင်ကပြောပါတယ်။

Source NY Post