ဆစ်ဒနီ- ဧပြီ၂၃၊၂၀၂၄

ဩစတြေလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဈေးဝယ်စင်တာကြီးတစ်ခုအတွင်း စနေနေ့ညနေပိုင်းမှာ လူတစ်ဦးက ဓားနှင့်လိုက်ခုတ်တဲ့ အတွက် လူ ၅ ဦးသေဆုံးပြီး အဲဒီတိုက်ခိုက်တဲ့ ဓားသမားကို ဆစ်ဒနီရဲက ပစ်ခတ်ပြီး အသေဖမ်းဆီးမိခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဆစ်ဒနီမြို့ ကမ်းခြေဆင်ခြေဖုံးမြို့ဖြစ်တဲ့ ဘွန်ဒီမြို့ ဝက်စ်ဖီးလ်ဘွန်ဒီ ဂျန်းရှင်း ဈေးဝယ် စင်တာမှာ ဧပြီ ၁၃ရက်က ဖြစ်ပွားခဲ့တာပါ။ သူဟာ ဈေးဝယ်သူတွေရှုပ်ထွေးနေတဲ့အချိန်မှာ ဓားနှင့် လိုက်လံ တိုက်ခိုက်တဲ့အတွက် လူ(၉)ဦးထိခိုက်ခဲ့ရပါတယ်။

အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက သူ့ကိုသေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့လို့ အဲဒီသူသေဆုံးခဲ့ရပြီး လူ(၅)ဦးမှာ ဓားဒဏ်ရာတွေနှင့်သေဆုံးခဲ့ရပါတယ်လို့ နယူးဆောက်တ်ဝေးလ်ရဲအရာရှိ အန်သိုနီကွတ်က သတင်း ထောက်တွေကိုပြောပါတယ်။

အဲဒီသူ ဘာကြောင့်ဒီလိုလုပ်ခဲ့သလဲဆိုတာတော့မသိကြရသေးပါဘူး။

ဓားခုတ်မှုဖြစ်ပွားပြီးနောက် အရေးပေါ်ဌာနတွေဟာ အဆိုပါ ဈေးဝယ်စင်တာသို့ ညနေ ၄နာရီမတိုင်ခင် ရောက်ရှိလာခဲ့ကြပါတယ်။

ကလေးငယ်တစ်ဦးအပါအဝင် လူ(၈)ဦးကို ဆေးရုံပို့ဆောင်လိုက်ရတယ်လို့လည်း နယူးဆောက်ဝေးလ် အရေးပါ်လူနာတင်လုပ်ငန်းပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

ယင်းဖြစ်ရပ်ကြောင့် စင်တာထဲက လူရာပေါင်းများစွာကို အပြင်သို့ကယ်ထုတ်ခဲ့ကြရပါတယ်လို့လည်း သိရပါတယ်။

Source Reuters