၈ ဧပြီ ၂၀၂၄

အမေရိကန်နိုင်ငံမှာ ဆောက်သ်ဝက်စ်လေကြောင်းလိုင်းလေယာဉ်တစ်စီးဟာ တနင်္ဂနွေမနက်က လေယာဉ်ပျံတက်စဉ်မှာ လေယာဉ်အင်ဂျင်အဖုံးကွာကျသွားတဲ့အတွက် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ ဖက်ဒရယ်လေကြောင်းအာဏာပိုင်  အဖွဲ့က ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ ဘိုအင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ်ဖြစ်ပြီး ဒင်ဗာမှ ဟောက်စ်တန်သို့ ပျံသန်းတာဖြစ်ပါတယ်။  ပျံတက်အပြီးမှာ လေယာဉ်အင်ဂျင်အဖုံးကွာကျသွားပြီး တောင်ပံပေါ်မှာ ဖတ်လတ်ကျနေတဲ့အတွက် ဒင်ဗာနိုင်ငံတကာ လေဆိပ်ကို ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။လေကြောင်းလိုင်းကတော့ စက်မှုပိုင်းဆိုင်ရာပြဿနာ  ကြုံရပြီးနောက် လေယာဉ်ကို ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။

အချို့ခရီးသည်တွေရိုက်ယူထားတဲ့ ဗွီဒီယိုတွေထဲမှာ လေယာဉ်အစိတ်အပိုင်းတစ်ခုဟာ လေထဲမှာ ဖတ်လတ်ကျနေတာကို တွေ့ကြရပါတယ်။

အင်ဂျင်စက်အုံဟာ ပျံတက်ပြီး ၁၀မိနစ်အတွင်း ကွာကျသွားတာဖြစ်တယ်လို့ ခရီးသည်တစ်ဦးဖြစ်တဲ့ လီဇာစီက အေဘီစီ သတင်းဌာနကိုပြောပါတယ်။

တွေ့ကြုံခဲ့ရတာ အတော်ထိတ်လန့်စရာပဲလို့ နောက်ခရီးသည်တစ်ဦးဖြစ်တဲ့ ကော့ပါး ဂလပ်စ်ကပြောပါတယ်။

Source ABC

@ymg/knl